Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်က အမျိုးသမီး​ဘောလုံးအသင်းကို ချန်ပီယံဆုယူ​ပေးရန်မှာကြား

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်​ရောက်သွား​သော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ချန်ပီယံဆု ရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကမှာကြားခဲ့သည်။

■အာဏာသိမ်း​ခေါင်း​ဆောင်​ကြောင့် မြန်မာအမျိုး သမီးသမီးအသင်းကိုအား​မ​ပေးချင်​တော့ဘဲ၊ နမိတ်မ​ကောင်း​တော့ဟုပရိတ်သတ်အချို့​ပြော

သြဂုတ် ၁၈၊ ၂၀၂၅။ သုည/People’s Spring

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲတက်​ရောက်သွား​သော မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ချန်ပီယံဆု ရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကမှာကြားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် သြဂုတ် ၁၆ ရက်က ယှဉ်ပြိုင်ခဲ့သည့်အာဆီယံပြိုင်ပွဲအကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်လုပွဲတက်ရောက်သည့် မြန်မာအမျိုးသမီးအသင်းကို စစ်​ကောင်စီက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ချီးမြှင့်ပြီး ဗိုလ်လုပွဲစဉ်တွင် နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်က တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပွဲစဉ်တွေအားလုံး ရှုံးပွဲမရှိကစားနိုင်ပြီး ဗိုလ်လုပွဲကို ထိုက်တန်စွာ ရောက်ရှိခဲ့လို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသား အားလုံးအတွက် ဂုဏ်ယူပါတယ်။ စည်းလုံးညီညွတ်မှုအပြည့်နဲ့ ကြိုးစားခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဗိုလ်လုပွဲစဉ်မှာ နိုင်ပွဲအတွက် ရေကုန်ရေခမ်း အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ကြဖို့ တိုက်တွန်းပါတယ်။ ချန်ပီယံဆု ရရှိတာနဲ့ နိုင်ငံတော်ကလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မှာဖြစ်ပါတယ်။ ဒါကြောင့် ရရှိတဲ့အချိန်မှာ ဗိုလ်လုပွဲအတွက် စနစ်တကျ အာရုံစိုက် လေ့ကျင့်ပြင်ဆင်ဖို့ မှာကြားလိုပါတယ်” ဟု အာဏာသိမ်းခေါင်းဆောင်က ပြောခဲ့ကြောင်းမြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ထိုသို့​ပြော​သောကြောင့် မြန်မာအမျိုးသမီးအသင်းကို အားမပေးချင်တော့ကြောင်း မြန်မာဘောလုံးပရိသတ်အချို့က မှတ်ချက်ပြုရေးသားခဲ့သည်။

“အစက မြန်မာအမျိုးသမီးအသင်းကို အားပေးပေမယ့် မအလကြောင့် အားမပေးချင်တော့ဘူး။ ဘာလို့လဲဆိုတော့ နိုင်သွားခဲ့ရင် နိုင်ငံ့ဂုဏ်ဆောင်လို့ ဆိုပြီး မအလ စစ်တပ်ကသူတွေက ဝင်ပနှာယူကြမှာပါ။ ပြီးရင် သူတို့ခိုးထားတဲ့ နိုင်ငံတော်ပိုက်ဆံနဲ့ ချီးမြှင့်ဦးမယ်။ ကလေးတွေကို အားနာပေမယ့် အခြားတဖက်မှာ ကိုယ့်နိုင်ငံသားတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ မအလ စစ်တပ်က ကောင်တွေ ဂုဏ်ဆာပြီး နေရာယူနေတာကို မမြင်ချင်လို့ပါ” ဟု မြန်မာဘောလုံးပရိသတ်တစ်ဦးက သူ့အမြင်ကို​ပြောသည်။

ထို့အပြင် အခြားဘောလုံးပရိသတ်အချို့ကလည်းအာဏာသိမ်း​ခေါင်း​ဆောင်ကြောင့်မြန်မာအမျိုးသမီးအသင်း နမိတ်မကောင်း၊ ဘူပိတ်၊ ကျက်သရေတုံးပြီး ရှုံးပွဲကြုံတွေ့တော့မည် ဖြစ်ကြောင်း မှတ်ချက်ပြုရေးသားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းနှင့် ဩစတြေးလျ အသက်၂၃ နှစ်​အောက်လက်​ရွေးစင်( ယူ-၂၃) အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲစဉ်ကို ဩဂုတ် ၁၉ ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ Lach Tray အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။