Connect with us

Hi, what are you looking for?

သတင်း

ရှုံးပွဲမရှိ ဗိုလ်လုပွဲတက်ခဲ့​သော မြန်မာအမျိုးသမီးအသင်း အာဏာသိမ်း​ခေါင်း​ဆောင်က ချန်ပီယံဆုယူရန်မှာကြားပြီးမှ ရှုံးပွဲကြုံ

ရှုံးပွဲမရှိဘဲဗိုလ်လုပွဲတက်ရောက်ခဲ့​သောမြန်မာအမျိုးသမီး​ဘောလုံးအသင်းသည် အာဏာသိမ်း​ခေါင်း​ဆောင်က ချန်ပီယံဆုရယူ​ပေးရန် မှားကြားအပြီးနောက် ဗိုလ်လုပွဲတွင်သြစ​တြေးလျ အသက် ၂၃ နှစ်​အောက်လက်​ရွေးစဥ် အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။

ဗိုလ်လုပွဲယှဥ်ပြိုင်စဥ်နှင့် ပွဲပြီးမြင်ကွင်း။ဓါတ်ပုံ-AFF ၊ MFF

သြဂုတ် ၁၉၊၂၀၂၅။ သုည/People’s Spring

ရှုံးပွဲမရှိဘဲဗိုလ်လုပွဲတက်ရောက်ခဲ့​သောမြန်မာအမျိုးသမီး​ဘောလုံးအသင်းသည် အာဏာသိမ်း​ခေါင်း​ဆောင်က ချန်ပီယံဆုရယူ​ပေးရန် မှားကြားအပြီးနောက် ဗိုလ်လုပွဲတွင်သြစ​တြေးလျ အသက် ၂၃ နှစ်​အောက်လက်​ရွေးစဥ် အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။

ဗိုလ်လုပွဲယှဥ်ပြိုင်စဥ်နှင့် ပွဲပြီးမြင်ကွင်း။ဓါတ်ပုံ-AFF ၊ MFF

၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲ ကိုယ​​နေ့ညပိုင်းက ဗီယက်နမ်နိုင်ငံတွင် ယှဉ်ပြိုင်သည့် ဗိုလ်လုပွဲဲတွင် မြန်မာအမျိုးသမီးအသင်းသည် ဩစတြေးလျ ယူ-၂၃ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ဗိုလ်လုပွဲတက်ရောက်သည့် မြန်မာအမျိုးသမီးအသင်းကို စစ်ကောင်စီက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သုံးသောင်း ချီးမြှင့်ပြီး ဗိုလ်လုပွဲစဉ်တွင် နိုင်ပွဲအတွက် ရေကုန်ရေခန်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်က မှားကြားခဲ့​ကြောင်း သြဂုတ် ၁၈ ရက်ထုတ် စစ်​ကောင်စီ ထိန်းချုပ်ထား​သောသတင်းစာများတွင်​ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်လုပွဲတွင် အုပ်စုပွဲ၌ ၂ ဂိုး ၁ ဂိုးဖြင့် နိုင်ခဲ့​သောဩစတြေးလျယူ-၂၃ အမျိုးသမီးအသင်းကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှာ မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့သည်။

“မအလ ဝင်ပါကထဲက စိတ်ထဲမှာ အားမပေးချင်တော့တာပါ။သူ့ဘာသာသူ ကောင်းနေတဲ့ မြန်မာအမျိုးသမီးအသင်းကို မအလက နာမ်နှိမ်လိုက်တာပဲ။ မအလ လက်ထက်မှာ အရာရာရှုံးနိမ့်နေတော့မြန်မာအသင်းပါကံနိမ့်ပြီး ရှုံးရတာပါ။တကယ်က ကလေးတွေသူ့ဘာသာသူဆိုနိုင်ရင်နိုင်သွားဦးမယ်။ မအလကြောင့် ဒီလိုဖြစ်ရတာပါ”ဟု မြန်မာဘောလုံးပရိသတ်တစ်ဦးက လူမှုကွန်ယက်၌ ရေးသားပြစ်တင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်ဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီးအကြိုဗိုလ်လုပွဲတွင် မဟာပြိုင်ဘက် ထိုင်းကို အနိုင်ရကာဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်ဗိုလ်လုပွဲ တွင် အနိုင်ကန်ပြီး ချန်ပီယံဆုယူရန် အာဏာသိမ်းခေါင်းဆောင် ​ပြောပြီးနောက် ပြိုင်ပွဲ၏ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။​ဘောလုံးပိုင်ဆိုင်မှု ၊​ဘောလုံး​ပေးပို့မှုတိကျမှု၊​ဒေါင့်ကန်​ဘောရရှိမှု ၊ဂိုး​ပေါက်ကန်သွင်းမှု ၊ဂိုး​ပေါက်တည့်မှု စသည့်တို့တွင် သြစ​တြေးလျ လူငယ်အသင်းက အဘက်ဘက်အသာစီးရကာ နိုင်ပွဲရရှိသွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဖြစ်ချင်တာကတော့ ဘဝရှင်မင်းတြားကြီးပေါ့။ ခက်တာက "ဗလကြည့်တော့ ဝတ်ရုံတော်နဲ့မဆန့်မပြဲ၊ ဇကြည့်တော့ ပါးကွက်သားငနဲ၊ ပါးစပ်ဟတာနဲ့ ပေါက်ပန်းလေဆယ် အံကျမြဲ"ဆိုတာမျိုး ဖြစ်နေလေရဲ့။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook