Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မေတ္တာမြို့သို့ အင်အားဖြည့်ရန် ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ဖြစ်

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်−၂၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က ထားဝယ်မြို့မှ မေတ္တာမြို့သို့ အင်အားဖြည့်တင်းရန် ဆက်လက်ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလားသော အာဏာသိမ်း စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွှတ်မြောက်‌ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၀) နှင့် တော်လှန်ရေး ပူပေါင်းတပ်များက ဩဂုတ် ၁၈ရက်နှင့် ၁၉ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သော်လည်း ဆက်လက်၍ စစ်အင်အားဖြည့်လာ၍ တိုက်ပွဲ ဆက်ရှိနေသည်ဟုဆိုသည်။

မေတ္တာမြို့သို့ စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်၏ ယာဉ်တန်းမှ သိမ်းဆည်းရမိသော ပစ္စည်းများ။ဓာတ်ပုံ − KNU

“စကစလည်း ထိုးစစ်ဆင် စစ်ကူလာတယ်။ တိုက်ပွဲထပ်ဖြစ်တယ်။ လေယာဉ်စစ်ကူ ပစ်တာရှိတယ်။ မနေ့ညရော ဒီမနက်ရော။ စကစ ဘက်က သေဆုံးရှိသလို ဒီဘက်လည်း ထိုခိုက်တာရှိတယ်။စကစ ကတော့ မေတ္တာ စခန်းကို ဆက်ပြီး အင်အားဖြည့်ဖို့တော့ စစ်ကူတွေ ဆက်ပို့လုပ်နေတယ်” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ယနေ့ ဩဂုတ် ၂၂ရက် မနက်တွင် ပြောသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၈ရက်နှင့် ၁၉ရက် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ် ၂၀ဦးထက်မနည်း သေဆုံးကာ ထောက်ပို့ ကား (၈)စီး ပျက်စီးခဲ့ပြီး စစ်ကား (၂)စီးထံမှ လက်နက်ခဲယမ်းများနှင့် ရိက္ခာများအား သိမ်းဆည်းရမိခဲ့ဟု KNUက သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်း မှတ်တမ်းများ ဖော်ပြထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာများသို့ တိုက်လေယာဉ်များဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ စစ်ကြောင်းသုံးခု ဖြင့် ထိုးစစ်ဆင်နေသည်ဟုဆိုသည်။ တနင်္သာရီ-မောတောင် နယ်စပ်စခန်းကိုစိုးမိုးရန်ရည်ရွယ်သည့် စစ်ကြောင်း၊ ထားဝယ်မှ မေတ္တာ-ထီးခီး ဒေသသို့ ဦးတည်သည့် စစ်ကြောင်း၊ ရေဖြူမြို့နယ် ကလိန်အောင်-နတ်အိမ်တောင် စခန်း စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်သည့် စစ်ကြောင်း များဖြစ်သည်ဟု ဆိုသည်။

“ ရှင်းရှင်းပြောရရင် ဒီသုံးကြောင်းစလုံးမှာ တိုက်ပွဲကနေတိုင်းဖြစ်နေတယ်လို့ ပြောလို့ရတယ်” ဟု KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများ တိုက်ခိုက်ရာတွင် KNLAနှင့်အတူ မွန်တပ်များ၊ PDFတပ်များ အတူပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။