Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တိုက်ပွဲမှာ စစ်တပ်ရဲ့ဒရုန်းပစ်လက်နက်အပါအဝင် လက်နက်ခဲယမ်းတွေ တော်လှန်ရေးတပ်တွေ သိမ်းရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးပြီး ဒရုန်းပစ်လက်နက်အပါအဝင် သေနတ်နှစ်လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်းမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ−နွားထိုးကြီး ပကဖ

သြဂုတ်-၂၅၊ ၂၀၂၅။ရဲခေါင် /People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးပြီး ဒရုန်းပစ်လက်နက်အပါအဝင် သေနတ်နှစ်လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

အခု ဩဂုတ်လဆန်းကစပြီး မြင်းခြံမြို့ဘက်ကနေ အင်အားရာကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့တွေကို သြဂုတ် ၂၀ရက်က နွားထိုးကြီးမြို့နယ် မာန်လည်ကျေးရွာမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တိုက်ခိုက်ခံရပြီး အထိနာလို့ သူတို့ပြန်ဆုတ်သွားပြီ”လို့ အထက်ပါတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီ နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာတာကို ခုခံနိုင်ခဲ့တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)နဲ့ အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားမျက်မြင် ၁၀ဦး သေဆုံးပြီး ၈ဦးခန့် ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့လည်း နွားထိုးကြီး ပကဖက ဒီကနေ့ ညပိုင်းက သီးခြားထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် MA 11 နှစ်လက်၊ Drone Shooter တစ်လက် ၊ ငါးကြင်းမြီးပြောင်းတစ်ချောင်း၊ လက်ပစ်ဗုံး သုံးလုံး ၊ Starlink တစ်လုံး၊ ငွေသားအချို့၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ကျည်အချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဩဂုတ် ၅ ရက်ကလည်း နွားထိုးကြီးမြို့နယ်မှာ စစ်သားတွေပါတဲ့ ကားတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ လက်နက် လေးလက်သိမ်းရတယ်လို့ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။