Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသထဲ ရုရှားတပ်တွေ စတင်ဝင်ရောက်နေကြောင်း ယူကရိန်း ဝန်ခံ

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတစ်ခုထဲကို ရုရှားတပ်တွေ စတင် ထိုးဖောက် ဝင်ရောက်လာနိုင်နေပြီဖြစ်ကြောင်း ယူကရိန်းက ဝန်ခံခဲ့ပါတယ်။

ဓာတ်ပုံ - Russian ministry of defence

မဟာဗျူဟာအရ အရေးပါတဲ့ ဒေသတစ်ခုထဲကို ရုရှားတပ်တွေ စတင် ထိုးဖောက် ဝင်ရောက်လာနိုင်နေပြီဖြစ်ကြောင်း ယူကရိန်းက ဝန်ခံခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက စက်မှုရပ်ဝန်း ဒေသတစ်ခုဖြစ်တဲ့ ဒီနီပရို ပက်ထရော့ဗ်စ်ခ် ဒေသမှာ ရုရှားတပ်တွေ စတင် ခြေကုပ်ယူနေပြီ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ဒေသခံ ယူနစ်တစ်ခုဖြစ်တဲ့ ဒီနီပရို စစ်ဆင်ရေး မဟာဗျူဟာ အဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဒီနီပရို ပက်ထရော့ဗ်စ်ခ်မှာ ရုရှားတပ်တွေ အခုလိုမျိုး အလုံးအရင်း ထိုးဖောက်လာတာမျိုးက အခုတစ်ကြိမ် ပထမဆုံးလို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗစ်တာ ထရီဟူဘော့ဗ်က ပြောပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေ တရကြမ်း ရှေ့တိုးလာနိုင်တာမျိုးတော့ မဟုတ်ဘဲ ယူကရိန်း ခုခံရေး တပ်ဖွဲ့တွေက တားဆီးထားနိုင်တယ်လို့ သူက ဆိုပါတယ်။

ရုရှားစစ်တပ်ကတော့ ဒွန်းညက်စ်ခ်ကနေတဆင့် အဲဒီဒေသထဲကို အခုနွေရာသီမှာ စတင်ဝင်ရောက်နိုင်ခဲ့ပြီး ယူကရိန်းနိုင်ငံ အတွင်းပိုင်းထိ ဆက်လက် ထိုးဖောက် ချီတက်ဖို့ ကြိုးစားနေကြောင်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ အဆိုအရ ဇွန်လကတည်းက ဒီနီပရို ပက်ထရော့ဗ်စ်ခ်မှာ ထိုးစစ် စတင် ဆင်နွှဲခဲ့တာလို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီဒေသထဲ ရုရှားတပ်တွေ ချဉ်းနင်းဝင်ရောက်လာကြောင်းကိုတော့ အခုမှ ယူကရိန်းဖက်က ဝန်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်ရေး သုတေသီတွေကတော့ အခုလိုမျိုး ရုရှားရဲ့ အသာရလာမှုဟာ ယူကရိန်း တပ်ဖွဲ့ဝင်တွေအတွက် စိတ်ဓာတ်ရေးရာ ထိုးနှက်မှုတစ်ခု ဖြစ်လာစေနိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲရပ်စဲနိုင်ရေးအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုတွေမှာ ထင်သာမြင်သာ တိုးတက်မှု ရှိမလာဘဲ ဖြစ်နေပါတယ်။

အခုဆိုရင် ရုရှားတပ်တွေဟာ ဒီနီပရို ပက်ထရော့ဗ်စ်ခ်ရဲ့ ဇာပိုရစ်ဇ်ခီနဲ့ နိုဗိုရိုင်ဟိုရစ်ဗ်ကာ ကျေးရွာနှစ်ခုကို သိမ်းပိုက်ထားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ယူကရိန်း စစ်ဦးစီးချုပ်ရုံးကတော့ ဇာပိုရစ်ဇ်ခီ ရွာဟာ ယူကရိန်း လက်ထဲမှာ ရှိနေဆဲလို့ တုံ့ပြန် ငြင်းဆိုထားပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း စစ်မြေပြင်မှာ အသေအပျောက်တွေ များနေပေမယ့် တဖြည်းဖြည်းချင်း ရှေ့တိုး ချီတက်လာနေဆဲ ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်း အရှေ့ပိုင်းက ဒွန်းညက်စ်ခ် အပါအဝင် ဒေသကြီး ၄ ခုကို နိုင်ငံပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာထားပေမယ့် ဒီနီပရို ပက်ထရော့ဗ်စ်ခ်တော့ အဲဒီစာရင်းထဲမှာ မပါပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ အဲဒီဒေသရဲ့ မြို့တော် ဒီနီပရို အပါအဝင် မြို့ကြီးတွေကို ဖိအားပေး တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။