Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်မြို့ကို ရုရှားတိုက်ခိုက်ရာမှာ EUနဲ့ ဗြိတိန် ကိုယ်စားလှယ်ရုံးတွေကိုပါ ထိမှန်

ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဥရောပ သမဂ္ဂ (EU)နဲ့ ဗြိတိန်နိုင်ငံတို့က ဖွင့်လှစ်ထားတဲ့ ကိုယ်စားလှယ် ရုံးတွေပါ ထိခိုက်ပျက်စီးကုန်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဥရောပ သမဂ္ဂ (EU)နဲ့ ဗြိတိန်နိုင်ငံတို့က ဖွင့်လှစ်ထားတဲ့ ကိုယ်စားလှယ် ရုံးတွေပါ ထိခိုက်ပျက်စီးကုန်တယ်လို့ သိရပါတယ်။

ကိယက်ဗ် စစ်အုပ်ချုပ်ရေးဌာန အကြီးအကဲ တီမာ ကာချန်ကိုက ဩဂုတ် ၂၇ ရက် ညပိုင်းနဲ့ ၂၈ ရက် မနက်အစောပိုင်းမှာ ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်းနဲ့ စုပြုံပစ်ခတ်ခဲ့တာကြောင့် မြို့တော်ဧရိယာထဲမှာ လူ ၂၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ တလျှောက်လုံး ဒါဟာ ပမာဏအားဖြင့် ဒုတိယ အကြီးမားဆုံး ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ကို ကြည့်ရုံနဲ့တင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ဆွေးနွေးပွဲ စကားဝိုင်းထက် ဒုံးကျည်တွေကိုပဲ ပိုပြီး စိတ်ဝင်စားပုံ ပေါ်တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။

ရုရှားက စုပြုံပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေ ထိမှန်ပြီး ရုံးအဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့တဲ့နောက် EUရော၊ ဗြိတိန်ကပါ ရုရှား သံအမတ်တွေကို ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ ကိုယ်စားလှယ်ရုံးတွေဟာ သံတမန်ဇုန် နေရာတစ်ခုမှာ အတူရှိနေတာပါ။ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီနေရာမှာ ထိခိုက်သေဆုံးတာမျိုးတွေတော့ မဖြစ်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

သံတမန် ရပ်ကွက်ထဲ ရုရှားဒုံးကျည်တွေ ကျရောက်ခြင်းကြောင့် တူရကီပိုင် စီးပွားရေး လုပ်ငန်းတစ်ခုနဲ့ အဇာဘိုင်ဂျန် သံရုံးမှာလည်း အပျက်အစီးတွေ ဖြစ်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အခုကိစ္စနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ သီးခြား မှတ်ချက်ပေးမယ်လို့ ပြောကြားသွားပါတယ်။ လီယာဗစ်က ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူ့အသက်တွေ ဆုံးရှုံးခဲ့ရသလို အခုလထဲမှာ ရုရှားရေနံချက်စက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကလည်း ရုရှားအတွက် အဆုံးအရှုံး ကြီးစေခဲ့တယ်လို့ ဆိုပါတယ်။ မြင်နေတွေ့နေရသလောက် အခြေအနေအရ နှစ်ဖက်စလုံးဟာ စစ်ပွဲကို ရပ်ဆိုင်းဖို့ အသင့်ဖြစ်သေးပုံ မရဘူးလို့လည်း သူက ဝေဖန်သွားပါတယ်။

ရုရှားနဲ့ ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကိသ်ကဲလော့ဂ်ကတော့ ရုရှားရဲ့ ပစ်မှတ်တွေဟာ စစ်သားတွေ၊ လက်နက်တိုက်တွေ မဟုတ်ဘဲ ကိယက်ဗ်မြို့ထဲက အရပ်သား ဧရိယာတွေ၊ ဗြိတိန်နဲ့ EUမစ်ရှင် အဆောက်အအုံတွေ၊ အပြစ်မဲ့ လူ့အသက်တွေ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားသွားခဲ့ပါတယ်။

စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ ပူတင်ကို ထရမ့်က အလာစကာမှာ ဖိတ်ကြားတွေ့ဆုံခဲ့ပြီး နှစ်ပတ်မပြည့်ခင်မှာ ရုရှားက ကိယက်ဗ်ကို အခုလိုမျိုး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှု အပြီးမှာတော့ ရုရှားက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆက်ပြီး စိတ်ဝင်တစား ရှိနေဆဲပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးတော့ ရုရှားရဲ့ ပစ်မှတ်တွေဟာ စက်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း စက်ရုံတွေနဲ့ လေတပ်စခန်းတွေသာ ဖြစ်ကြောင်း၊ ယူကရိန်းကလည်း ရုရှားဖက်ကို တိုက်ခိုက်တာတွေ ရှိခဲ့တာကို မမေ့သင့်ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

ကိယက်ဗ် မြို့တော်ဝန်ရုံးကနေ မြို့အနှံ့ နေရာပေါင်း အနည်းဆုံး ၁၃ ခုလောက်ကို ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထိမှန်ခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ ဓာတ်အားလိုင်းတွေပါ ပြတ်တောက်ကုန်ပြီး ရပ်ကွက် အတော်များများ လျှပ်စစ်မီး မရဘဲ ဖြစ်သွားခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။