Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ညှိနှိုင်းမှုတွေအပြီး အာဏာသိမ်း ဆူဒန် စစ်တပ်က ဝန်ကြီးချုပ်ကို မူလရာထူး ပြန်အပ်ဖို့ စီစဉ်

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတကာ ဖိအားတွေကို အပြင်းအထန် ရင်ဆိုင်နေခဲ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဆူဒန်ကို ပေးပို့မယ့် အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ အရပ်သား အစိုးရ ဝန်ကြီးချုပ်ကို ဆူဒန် စစ်တပ်က မူလရာထူးမှာ ပြန်လည် ခန့်အပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၅ ရက်က ဆူဒန်မှာ စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက် ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ်ဟာ နေအိမ် အကျယ်ချုပ် အနေနဲ့ ထိန်းသိမ်း ခံထားရပါတယ်။ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ဘ်ဒဲလ် ဖာတား အယ်လ် ဘာဟန်ကတော့ သူဟာ အာဏာသိမ်းလိုက်တာ မဟုတ်ဘဲ နိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားလာနိုင်တဲ့ အခြေအနေကို တားဆီးဖို့ အာဏာ ထိန်းသိမ်းလိုက်တာသာ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ် အာဏာသိမ်းမှုကို ပြည်သူတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ပြီး မြို့တော် ခါတွမ်နဲ့ တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အုံနဲ့ကျင်းနဲ့ ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီရေး တောင်းဆို လှုပ်ရှားသူတွေကို ဆူဒန် လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတကာ ဖိအားတွေကို အပြင်းအထန် ရင်ဆိုင်နေခဲ့ရပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ဆူဒန်ကို ပေးပို့မယ့် အထောက်အပံ့တွေ အားလုံးကို ဆိုင်းငံ့ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာတော့ ဆူဒန်စစ်တပ်၊ အရပ်သား အစိုးရနဲ့ အရင်က သူပုန်အဖြစ် လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပြန်လည် ညှိနှိုင်းပြီး ဘုံသဘောတူညီမှုတစ်ခု ရရှိလာကြောင်း သိရပါတယ်။ အဲဒီ သဘောတူညီမှုအရ ဟမ်းဒေါ့ခ်က ဝန်ကြီးချုပ် ပြန်ဖြစ်လာမှာပါ။ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အကုန် ပြန်လွတ်မြောက်လာပါမယ်။

ဒီသဘောတူညီမှုကို နိုဝင်ဘာ ၂၀ ညပိုင်းမှာ လက်မှတ် ရေးထိုးခဲ့ကြပြီး နောက်တစ်ရက်မှာ စတင် အသက်ဝင်လာကြောင်း ဆူဒန်ရဲ့ အင်အားကြီး နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အူမာရဲ့ ခေါင်းဆောင် ဖက်ဒ်လယ်လာ ဘရူးမား နာဆားက ကြေညာပါတယ်။

ပြည်တွင်းမှာ နောက်ထပ် သွေးထွက်သံယို အခြေအနေတွေ ဖြစ်လာမှာကို ရှောင်လွှဲဖို့အတွက် ဟမ်းဒေါ့ခ်က စစ်တပ်ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ကြောင်း နီးစပ်သူတွေက ပြောပါတယ်။ ပြန်လည် ညှိနှိုင်းမှုတွေမှာ ပညာရှင်တွေ၊ ဂျာနယ်လစ်တွေနဲ့ နိုင်ငံရေးသမားတွေ ပါဝင်ခဲ့ကြပါတယ်။

အရင်က ဆူဒန်မှာ စစ်တပ်နဲ့ အရပ်ဖက် အာဏာမျှဝေ အုပ်ချုပ်နေတာဖြစ်ပြီး အခုတော့ ဒီအခြေအနေမျိုးဆီ ပြန်သွားမယ့် သဘောပါပဲ။ ဟမ်းဒေါ့ခ်ရဲ့ အစိုးရ အဖွဲ့နဲ့ ဘာဟန် ဦးဆောင်တဲ့ စစ်တပ်တို့ကြား ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အကွဲအပြဲတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့ရာက အာဏာသိမ်းတဲ့ထိ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ။

ဆူဒန်မှာ အာဏာရှင် အိုမာအယ်လ် ဘာရှာရဲ့ အစိုးရ လက်အောက်က ၂၀၁၉ မှာ လွတ်မြောက်လာခဲ့တဲ့နောက် စစ်တပ်နဲ့ အရပ်ဖက် ပူးပေါင်းထားတဲ့ ကြားကာလ အုပ်ချုပ်ရေး အဖွဲ့က တာဝန်ယူ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။