Connect with us

Hi, what are you looking for?

သတင်း

ဒဂုံဧရာအဝေးပြေး၌ နေ့ခင်းကြောင်‌တောင် ပေါ်တာအဆွဲခံရ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

ပေါ်တာဆွဲခံရသည့် ကိုထက်ဝေယံဖြိုးအား တွေ့ရစဉ်။ဓာတ်ပုံ - Screen Grab

စက်တင်ဘာ-၃၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

“တက္ကစီသမားက တာမွေပြန်ဆင်းမှာတဲ့ ။ ပိုက်ဆံမရှိဘူးပြောတာကို မရဘူး။ ကွမ်းဖိုးပဲပေးတဲ့။ ဘယ်လောက်ပါလဲဆိုတော့ လမ်းစရိတ်တစ်ထောင်ပဲရှိတယ်ဆိုတော့ အဲ့တစ်ထောင်ပေးတဲ့။ ငါတို့လည်း တာမွေပြန်ဆင်းမှာဆိုတော့ ကျွန်တော်လည်းလိုက်သွားတာ”ဟု ၎င်းကြုံခဲ့ရသည့် အကြောင်းကို ပြောသည်။

ထို့နောက် ကားဝင်း၏ နောက်ဘက်သို့ မောင်းသွားကာ အရပ်ဝတ်နှစ်ဦးထပ်မံတတ်လာပြီး စစ်တပ်ထဲသို့ ဝင်ရန် ဖိအားပေးခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းဖြစ်စဉ်ကို ဩဂုတ် ၃၀ ရက် နေ့လည် ၁နာရီ ခန့်တွင်ကြုံခဲ့ရခြင်းဖြစ်ပြီး ကိုထက်ဝေယံဖြိုးသည် နယ်မှအစ်မဖြစ်သူပို့ပေးသည့် ဟင်းထုပ်ယူရန် ကားဂိတ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“စစ်ထဲဝင်မလားမေးတာ။ မဝင်ဘူးပြောရင် ရိုက်မှာ၊ လက်ကရွယ်ထားတာ”ဟု ၎င်းကြုံခဲ့ရသည့် အခြေအနေကို ပြောသည်။

ကားဂိတ်မှတဆင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခု၌ ဆေးစစ်ခဲ့ပြီးနောက် စစ်ကောင်စီ အရာရှိများထံပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကိုထက်ဝေယံဖြိုး ၏ဖြစ်စဉ်ကို စစ်ကောင်စီထောက်ခံသူ အမျိုးသားရေးဆရာတော် ၎င်း၏ အကောင့်တွင် စက်တင်ဘာ ၁ရက်က Live လွှင့်ပေးခဲ့ခြင်းဖြစ်သည်။

“ဗိုလ်မှူးတွေနာမည်တော့မပြောနဲ့ဦး။ Public ချပြတာက ၆၆ ဃ နဲ့ ညှိနေဦးမယ်။ရန်ကုန်မြို့မှာလှိုင်သာယာမှာ ပေါ်တာဆိုတာရှိတယ်‌ဆိုတာသိစေချင်တာပါ ။ဟိုတုန်းက ဘုန်းဘုန်းတို့လည်း မယုံခဲ့ဘူးလေ။”ဟု ယင်းLive ၌ အမျိုးသား‌ရေးဆရာတော်က မိန့်သည်။

ယခင်က ပေါ်တာဆွဲခြင်းကို ညည့်နက်သန်းခေါင် အပြင်ထွက်သူများကို မသင်္ကာမှုနှင့်ဖဖမ်းဆီးခြင်းဟုသိခဲ့သော်လည်း လက်ရှိတွင် နေ့လည်၌ အရပ်ဝတ်များဖြင့် ဖမ်းဆီးနေခြင်းဖြစ်သည်ဟုဆိုသည်။

အထက်ပါကဲ့သို့ ဖမ်းဆီးပြီးနောက် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဘက်သို့ ပို့ဆောင်ကာ စစ်ဆေးမှုများပြုလုပ်ပြီးနောက် ကိုထက်ဝေယံဖြိုး နှင့် လူငယ်တစ်ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယင်းဆရာတော်ကမိန့်သည်။

“တစ်ယောက်က (၁၇)နှစ်မိုလို့ ပြန်လွှတ်ပေးတယ်။ မင်း(ကိုထက်ဝေယံဖြိုး)ကလူပျောက် တိုင်ချက်ဖွင့်လို့ပြန်လွှတ်ပေးတယ်။”ဟုယင်းဆရာ တော်က မိန့်သည်။

ရန်ကုန်မြို့အပါအဝင်တစ်နိုင်ငံလုံး၌စစ်ကောင်စီနှင့်၎င်းတို့၏ လက် အောက်ခံအဖွဲ့များက စစ်မှုထမ်းအတွက် လူငယ်များကို မတရားဖမ်းဆီးမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းအတွက် ငွေကြေးဖြင့် ရောင်းချခြင်းတို့ကိုလုပ်ဆောင်နေခြင်းဖြစ်သည်။

အထက်ပါ ကိုထက်ဝေယံဖြိုးကဲ့သို့ တိုင်ချက်ဖွင့်သော်လည်း ပြန်မတွေ့သည့် လူငယ်အများအပြားရှိနေသလို အသက်မပြည့်သူများကိုလည်း ပြန်မလွှတ်ပဲရှေ့တန်းပို့ဆောင်ကာစစ်တိုက်နေရသည့်ဖြစ်စဉ်များ ရှိနေ သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့က ရုပ်ရှင်ကင်မရာမန်းလူငယ်တစ်ယောက် ပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်း Facebook လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ အနုပညာရှင်တချို့နဲ့ ရင်းနှီးသူတွေကလည်း ကင်မရာမန်းလူငယ်ပျောက်ဆုံးတဲ့ဖြစ်စဥ်ကို ကိုယ့်လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးကြတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထွီလာမြို့မှာ ပေါ်တာဆွဲဖမ်းဆီးတာတွေဆိုးရွားနေလို့ ပြည်သူတွေမထွက်ရဲတော့တာကြောင့် မူးယစ်ဆေးဝါး ရောင်းတဲ့အဖွဲ့ကို ပေါ်တာဆွဲတဲ့အဖွဲ့ဆိုပြီး စစ်တပ်က အယောင်ပြဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။