Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ စစ်တပ်ကဝင်ဖမ်းရာ ၄ ဦးပါသွား

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စစ်မှုထမ်း အပတ်စဥ် ၁၆ သင်တန်းတက်နေရတဲ့ လူငယ်များကို တွေ့ရစဥ်။ ဓာတ်ပုံ-ပသစ

စက်တင်ဘာ-၃၊၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာစစ်ကောင်စီတပ်က ဆန်စက်က အလုပ်သမားတွေကို စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ စက်ဆန်ပိုင်ရှင်နဲ့ အလုပ်သမားတွေအပါအဝင် လေးဦး ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၂ ရက် ညနေပိုင်းကရန်ကုန်-မန္တလေး အမြန်လမ်းဘေးရှိ အင်းကုန်းကျေးရွာမှ ဆန်စက်အတွင်းသို့ စစ်ကောင်စီတပ်ရောက်လာပြီး စစ်မှုထမ်းဖို့ ဝင်ဖမ်းရာ ဆန်စက်ပိုင်ရှင်ရဲ့သားတစ်ဦး၊ ကုက္ကိုခါးလှရွာနဲ့ ကန်ပတ်လည်ရွာတို့မှ အလုပ်လာလုပ်တဲ့ လူငယ်အလုပ်သမား ၃ ဦး စုစုပေါင်း ၄ ဦး ဖမ်းဆီးခံလိုက်ရကြောင်း Voice of Wundwin အဖွဲ့က ပြောပါတယ်။

အလားတူ စက်တင်ဘာ ၂ ရက်ညကနေကပဲ ပင်းတလဲ-မိတ္ထီလာလမ်းဘေးရှိတောင်ဆည်ရွာမှ နွားကျောင်းသား နှစ်ဦး ဖမ်းဆီးခံရကြောင်း၊ ဒါ့အပြင် ခံဘဲ့ဆေးရုံက မီးဖွားလူနာစောင့်အမျိုးသား တစ်ဦးလည်း အပြင်ဆေးထွက်ဝယ်ချိန် ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဝမ်းတွင်းကတော်တော်ဆိုးနေတယ်။ ယောကျာ်းသားတွေမှန်သမျှအပြင်မထွက်ရဲတော့ဘူး။”လို့ ဝမ်းတွင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလည်း ပင်းတလဲစခန်းမှ ရဲနဲ့စစ်သားတွေဟာ လိုက်ထရက်ကားနဲ့ ထွက်သွားလို့ ပြည်သူတွေသတိပြုနေထိုင်ကြဖို့ Voice Of Wundwin အဖွဲ့က သတိပေးထားပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့ လူငယ်တွေ အများဆုံးဖမ်းဆီးခံရတဲ့ မြို့နယ်တွေထဲ ပါဝင်နေပါတယ်။ စစ်ကောင်စီဟာ လူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းစေခဲ့ရာမှာ အခုအခါ အပတ်စဥ် ၁၇ ကို စတင်ဖို့ ကြိုးစားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။