Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ခွင့်မရ

အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)ကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်အားလုံးတက်ရောက်ကြပေမယ့် မြန်မာအကြမ်း ဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ တရုတ်အထူးကိုယ်စားလှယ်က တရုတ်-အာဆီယံထိပ်သီးအစည်း အဝေးကို မြန်မာအကြမ်းဖက်ခေါင်းဆောင်တက်ရောက်ခွင့်ရရေးစည်းရုံးခဲ့ပေမယ့် အာဆီယံနိုင် ငံအချို့က ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအတိုင်း ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...