Connect with us

Hi, what are you looking for?

News

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ခွင့်မရ

အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)ကျင်းပတဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်အားလုံးတက်ရောက်ကြပေမယ့် မြန်မာအကြမ်း ဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့တာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ တရုတ်အထူးကိုယ်စားလှယ်က တရုတ်-အာဆီယံထိပ်သီးအစည်း အဝေးကို မြန်မာအကြမ်းဖက်ခေါင်းဆောင်တက်ရောက်ခွင့်ရရေးစည်းရုံးခဲ့ပေမယ့် အာဆီယံနိုင် ငံအချို့က ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံအတိုင်း ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်မြန်မာစစ်ခေါင်းဆောင်ကို ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပိတ်ပင်ခဲ့ပါတယ်။အာဏာလု​ခေါင်း​ဆောင်ကိုဒီလို တက်​ရောက်ခွင့်မ​ပေးတာဟာအာဆီယံအတွက် သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook