Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုး​နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ−၉၊၂၀၂၅။ဇော်ဝင်း/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုး​နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စက်တင်ဘာ ၇ရက်က မလှိုင်မြို့အတွင်းကို စစ်ကောင်စီယာဥ် အစီးရေ ၃၀ဝန်းကျင် ဝင်လာပြီး မြို့ပေါ်မှာ ကနဦးဖြန့်ကျက်တပ်စွဲခဲ့ပြီးနောက် မနေ့က စက်တင်ဘာ၈ရက်စပြီး မလှိုင်-နှောကန်လမ်းအတိုင်း စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“မနက် ၈ နာရီခွဲက အဖွဲ့လေးဖွဲ့ခွဲပြီး ဆုံတွင်းအုပ်စုနဲ့ပန်းအိုင်ထနောင်းကျင်း ကျေးရွာများကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။ဝင်ရောက်ခဲ့တဲ့ကျေးရွာတွေက ဖုန်းတွေ ဆက်သွယ်မရသေးလို့ သေချာမသိရသေးပါဘူး”လို့ လူထုသတင်းကွန်ယက်မလှိုင်မြို့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လှိုင်မြို့နယ်အတွင်းရောက်ရှိနေတဲ့ စစ်ကြောင်းက မြင်းခြံ-သာစည် မဟာဓာတ်အားလိုင်း ပြန်လည်ပြုပြင်ဖို့ အဓိကရည်ရွယ်ချက်လို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

“ဓာတ်အားလိုင်းတစ်လျှောက် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းပြီး ပန်းပေါင်းမှာ အထိုင်ချမယ်လို့ ဖရဲသီးသတင်းအရသိရတယ်”လို့ တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ အခြေအနေအရ မလှိုင်၊တောင်သာ၊နွားထိုးကြီးနဲ့ မြင်းခြံ ဒေသတွေက နေရာအနှံ့အပြားကို စစ်ကြောင်းထိုးနိုင်လို့ ပြည်သူတွေ သတိထားနေထိုင်ဖို့လည်း တိုက်တွန်းထား ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်တွေက မလှိုင်မြို့နယ်အနောက်ဘက်ခြမ်းနဲ့ အနောက် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ မိတ္ထီလာလေတပ်စခန်းတွေက စက်တပ်လေထီးတွေနဲ့ ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook