Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

“ကမ္ဘာကြီး ပျက်ခါနီးမှ ဒို့နှစ်ယောက်ကချစ်မိကြတယ်”

ကျနော်တို့က တကယ်ခက်ခဲတဲ့ကာလကြီးကို အတူအကွရောက်ရှိလာခဲ့ကြတယ်။ အတူတကွဆိုပေမယ့် အတူရှိမနေကြပြန်ဘူး။ ဒါပေမယ့် ဒို့နှလုံးသားတွေက နီးစပ်နေပြန်ရော။

 LOONNYI

(၁)
ကျနော်တို့က တကယ်ခက်ခဲတဲ့ကာလကြီးကို အတူအကွရောက်ရှိလာခဲ့ကြတယ်။ အတူတကွဆိုပေမယ့် အတူရှိမနေကြပြန်ဘူး။ ဒါပေမယ့် ဒို့နှလုံးသားတွေက နီးစပ်နေပြန်ရော။ ဒီကာလထဲမှာတော့ ချစ်ရသူတွေနဲ့ဝေးရခြင်းတွေ၊ စိတ်အလိုမကျတဲ့ရှင်သန်ခြင်းတွေ၊ ရှင်လျက်နဲ့ သေခြင်းတွေ၊ ခွဲခွာရမှုတွေအတွက် ဝမ်းနည်းခြင်းတွေ၊ ဒေါသတွေ၊ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရခြင်းတွေ၊ ရန်သူကိုရွံမုန်းခြင်းတွေ၊ ဖောက်ပြန်သူတွေကို စိတ်ပျက်ခြင်းတွေ၊ မတွေးခဲ့ဖူးတဲ့အနာတရ ရရှိခြင်းတွေ၊ ထင်မှတ်မထားတဲ့အရာတွေ ဖြစ်ပေါ်လာခြင်းတွေအပြင် တွေးမိထားတဲ့အတိုင်း ဖြစ်ပေါ်လာတဲ့ပြဿနာတွေအတွက် စိတ်ပင်ပန်းရခြင်းတွေနဲ့ နှလုံးသားက ဒဏ်ရာ ရရှိခြင်းတွေ၊ အဲ့သလို အတူတကွပေါ့လေ။ ဒီလိုနဲ့ တရက်ပြီးတရက်ပါပဲ။ ကျနော်တို့ ခက်ခက်ခဲခဲ ဖြတ်ကျော်နေကြရတယ်။ စကားလုံး‌တွေ ချွေတာသင့်တဲ့ ဒီကာလမှာ မလိုအပ်တဲ့ စကားတွေကို ကျနော် မပြောချင်တော့ဘူးဆိုတာ ရှင်သိမှာပါလေ။

(၂)
ကျနော်ကလေ လူတယောက်ကို ပျော်ရွှင်စေချင်တယ်။
လူတယောက်ကို ကျန်းမာစေချင်တယ်။
လူတယောက်ရဲ့အပြုံးတွေကို မြင်နေချင်တယ်။
လူတယောက်ကို လူအများက ချစ်နေစေချင်တယ်။
လူတယောက်ကို လူတစုအတွက် မဖြစ်စေချင်သလို
လူတယောက်ကို လူအများက ယုံကြည်မြတ်နိုးပြီး တန်ဖိုးထားတာကို တွေ့ချင်တယ်။
တကယ်လို့ အဲ့ဒီလူတယောက်က မျက်ရည်ကျတယ်ဆိုရင်တောင် အဲ့ဒီမျက်ရည်တွေ သူ့ပါးပြင်ပေါ်စီးမကျခင် သုတ်ပေးချင်တယ်။
လူတယောက်ကို ကျနော် ….။
ဘာမှ ဆက်မပြောဖြစ်လည်း ကောင်းမွန်တဲ့အရာအားလုံး တည်ရှိနေစေချင်တယ်။ ဒါပေမယ့် ကျနော် သူ့ကို ချစ်တယ်လို့ မပြောဖြစ်သေးဘူး။

(၃)
တနေ့ကနံနက် ကျနော် ခရီးထွက်ဖြစ်တယ်။ မိုးတွေရွာထားတဲ့ဒေသမှာဆိုတော့ လမ်းတွေကလည်း အလွမ်းတွေလိုပဲ ဖျားနေတယ်။ ချိုင့်ခွက်တွေ၊ ရွှံ့ညွန်တွေနဲ့ ပြည့်နှက်နေတယ်။ မသွားလို့က မဖြစ်။ မပြည့်စုံခြင်းတွေနဲ့လည်း လမ်း ဆက်လျှောက်ရတာပါပဲ။ နာရီဝက်လောက် ခရီးကို သုံးလေးနာရီလောက် ခက်ခက်ခဲခဲ သွားရတာကို စဉ်းစားကြည့်လေ။ မိုးရာသီရောက်တော့ လမ်းတွေပျက်နေပြီ။ အရင်ကရော ကောင်းရဲ့လားလို့ ပြန်မေးကြည့်မှ ကျနော့်ခေါင်းထဲ ဘာမှ ထပ်စဉ်းစားမရတော့ဘူး။

Public Service Announcement

Public Service Announcement

ကိုယ်တို့ရဲ့ဂျစ်ကားကလေးကို ထွန်စက်ခပ်ကြီးကြီးက တွန်းပေးရတယ်။ ဒီလိုနဲ့ သွားလိုတဲ့ တနေရာရာကို ညနေခင်းတခုမှာ ရောက်ခဲ့ပါတယ်။ လမ်း‌တလျှောက်မှာ ကျနော် စဉ်းစားမိတာ အသံတွေပါ။ ပြီးတော့ အတွေးထဲမှာ ရုပ်ပုံလွှာတွေ ပေါ်လာတယ်။ ရန်သူ့လ က်ချက်နဲ့ သေဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ရုပ်အလောင်းတွေ၊ သွေးတွေ၊ ဆုံးရှုံးမှုအတွက် ငိုကြွေးသံတွေ၊ ပြည်သူ့မျက်ရည်ပူတွေ၊ ရွှံ့ဗွက်တွေစင်နေတဲ့ခန္ဓာကိုယ်နဲ့ လူငယ်တွေရဲ့ ချွေးစက်တွေ၊ ဟိုးအရင် အတိတ်‌ကာလ အဖြစ်အပျက်တွေ အားလုံးပါပဲ။ မိုးခဏထပ်ရွာတော့ မိုးစက်တွေ လွင့်စင်လာပြီး အဲ့ဒီချွေးစက်တွေလည်း ပျောက်ကွယ်သွားရပြန်တယ်။ ပြီးတော့ စိတ်ကူးထဲပေါ်လာတာနဲ့ ချရေးလိုက်တဲ့စကားလုံးများ ရှိခဲ့တယ်။ ရွှံ့ဗွက်အိုင်တွေကြားမှာ ရုန်းကန်နေရတဲ့ ကားတစီးပေါ်မှာ ‌ဖုန်းတလုံးကို ခပ်ကြမ်းကြမ်းကိုင်တွယ်ရင်း တစတစနဲ့ ရရှိခဲ့တဲ့ စကားလုံးတချို့ကို ‌သိမ်းထားဖြစ်ရုံပါပဲ။ ကျနော်က ရာသီဥတုအခြေနေပေါ်မူတည်ပြီး မေ့တတ်တယ်လေ။

ခေါင်းစဉ်က “သွေးအတွက်သွေး”

မေလကျော်မှ မေခမြစ်ရေတွေ မြင့်တက်လာတယ်။
အာဏာရှင်သက်တမ်းကြာလာသရွေ့
အဖိနှိပ်ခံတွေရဲ့မျက်ရည်ဆုံးရှုံးမှု ပိုမိုများပြားလာသလား။

လက်နက်ကိုင်ကားတစင်းကို
အသက်ငယ်ငယ်ကလေးတွေက လက်အုပ်ချီထားကြတယ်။
အဲ့ဒီကလေးငယ်လေးတွေကို သနားသလား။
လက်နက်ကိုင်လူငယ်လေးတွေ သနားရမလား။
ကျနော်စကားတခွန်းပြောလိုက်ပါတယ်။
ရဲဘော်တို့
ကလေးလေးတွေ လက်အုပ်ချီပြီး နှုတ်ဆက်နေတာကို မင်းတို့မကြိုက်ဘူးမလား။
ငါတို့
မင်းတို့ အပေါ်မှာ မူတည်နေလို့ ဆက်လက် ကြိုးစားကြဖို့။
ရဲဘော်တို့နားလည်ကြတယ်။
စီးလာတဲ့ ကားတစီးဟာ ဆက်လက်ဖြတ်မောင်း၊
နောက်တရက်မှာ ကလေးတွေလက်အုပ်ချီတာ မကြိုက်နှစ်သက်တဲ့ ရဲဘော် တိုက်ပွဲတခုမှာ ကျသွားတယ်။

ယခင်ခေတ်
ဒီခေတ်
ကားဘီး ရွှံ့ထဲကျွံနေလို့
လမ်းဘေးမှာ ခဏနားတော့
နွားခြူသံကို ငါ ကြားရတယ်။
လယ်သမားတွေရဲ့အသံ
“မိုးထပ်မရွာပါနဲ့တော့” တဲ့။

တိုက်ဆိုင်ချင်တော့
ရန်သူ့ရိက္ခာကားတန်းတွေလာချိန်မှာ
ပြည်သူတွေမှာ
ရိက္ခာတွေမရှိတော့ဘူး။
ပြည်သူ၊ ပျူ၊ ရန်သူ
ဘယ်သူ့ဆီမှာ ဘာတွေရှိကုန်ကြတာလဲ။

သွေးအတွက်သွေးဆိုပေမယ့်
နောက်ဆုံးတော့
မြင်နိုင်သမျှ မြင်အောင်ကြည့်ရရင်
“ငါတို့ တော်လှန်တိုက်ခိုက်ချေမှုန်း
ပြန်လည်တည်‌ဆောက်ရမှာက… ခရီး‌ဘယ်လောက် ကြာမလဲ”
ဗမာအိမ်ကလေးမှာ လိုအပ်နေတာ
နွေးထွေးမှု နွေးနွေးကလေး။

(၄)
သူနဲ့ ပြန်ဆုံတွေ့ရဖို့ ဝေးနေသေးလား။
ဝေးရဦးမှာဆိုတဲ့အသိ ထမင်းစားမိတိုင်း တွေးကြည့်ပါတယ်။ ကဗျာတပုဒ်ဆက်ရေးဖို့ခွန်အား ကျနော် ဘယ်ကရမလဲ။ သူ့ဆီကအသံမကြားရတဲ့အခါ ထူးခြားတဲ့သတင်းတပုဒ် မဖတ်ရသလိုဘဲ ကျနော်နောက်ကျခဲ့ပါတယ်။ နောက်တရက် ရှေ့ကိုဆက်သွား။ ညနက်နက်မှာ ပြန်လည်ဆုတ်ခွာ။ အတွင်းခံသုံးထည် ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ ဘယ်လို ပြန်လာကြသလဲ။ ကျနော်တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ အဲ့ဒီတည ဒဏ်ရာတွေနဲ့ ကြယ်တွေကြည့်ရင်း မနက်မိုးလင်းခဲ့ရတယ်။ အဲ့ဒီနောက်တရက် ကမ္ဘာကြီးရဲ့ နိုင်ငံအသီးသီး စိန်ခေါ်ပြီးရန်ဖြစ် အခုထိ စစ်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​​​​LOONNYI’ရေးဖွဲ့တဲ့ “ကမ္ဘာကြီး ပျက်ခါနီးမှ ဒို့နှစ်ယောက်က ချစ်မိကြတယ်” ESSAY ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...