Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းမယ်လို့ စစ်တပ်ခြိမ်းခြောက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းဆည်းမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

ဘောလခဲမြို့နယ်အတွင်း ကာကွယ်ရေးတပ် ရဲဘော်များက စစ်ဆေးမှုပြုလုပ်နေစဥ်။ဓာတ်ပုံ- ဘောလခဲ PDF

စက်တင်ဘာ -၁၅ ၊ ၂၀၂၅။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းဆည်းမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၁၄ ရက်) ဘောလခဲမြို့အခြေစိုက်စစ်တပ်နဲ့ ပတ်သက်သူတွေက စစ်ဘေးရှောင်နေရတဲ့သူတွေကို ဆက်သွယ်ပြောဆိုလာတာလို့ ဆိုပါတယ်။

“လျှပ်စစ်မီးအပါအဝင် ဆက်သွယ်ရေးလိုင်းတွေ အပြည့်အဝ ရရှိအောင် လုပ်ပေးမယ်။ ပြန်မလာရင် နေအိမ်နဲ့ ခြံတွေကို သိမ်းပြီး ပြန်လာတဲ့သူတွေကို ခွဲ ခြမ်းပေးမယ်ဆိုပြီး ခေါ်နေတာ”လို့ ဘောလခဲမြို့ နယ်နေသူတဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က စစ်ရှောင်နေရတဲ့ မြို့ခံလူထုကို ပြန်ခေါ်နေတာနဲ့ပတ်သက်ပြီး ” ဘောလခဲမြို့အတွင်းသို့ လူသားဒိုင်းအနေနဲ့ဖြစ် ​ပြန်လည်လာရောက်နေထိုင်ရုံနဲ့ မြေကွက်အလကားရမယ့် အခွင့်​ရေး​ရှိတယ်ဆိုတာ သိပြီးပြီလား”လို့ ဘောလခဲ PDF တပ်ဖွဲ့ဘက်က တုံ့ပြန်ထားပါတယ်။

“အခုလကုန်အမီပြန်လာနေဖို့ ပြောတာ။ကျန်တာတော့ မဆုံးဖြတ်နိုင်သေးဘူး”လို့ ဘောလခဲ မြို့နယ်က စစ်ဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။

ကရင်နီသတင်းရင်းမြစ်တဦးကလည်း “စစ်တပ်က သူတို့ရွေး ကောက်ပွဲ အတွက် လူလိုတယ်လေ။အဲဒါကြောင့် ဒေသခံလူထုကို ခြိမ်းခြောက်ပြီး ပြန်ခေါ်နေတာ”လို့ ဘောလခဲမြို့အကြောင်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီကစလို့ ကရင်နီပြည်နယ်၊ဘောလခဲ မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်ပြီး မြို့နေလူထုသည် အမြန်ဆုံးရွှေ့ပြောင်းဖို့၊ စစ်ကောင်စီနဲ့ မပတ်သက်ရေးအပါအဝင် စစ်ကောင် စီတပ်စခန်းတွေနားမနေဖို့ ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအထိ ဘောလခဲမြို့အနီးဝန်းကျင်က စစ်ရေးအရအရေးပါတဲ့ စစ်ကောင်စီဗျူဟာကုန်းနဲ့ ကာကင်းတွေကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းထားပါတယ်။

ဘောလခဲမြို့မှာ စစ်ကောင်စီအခြေချစစ်ဗျူဟာ အမှတ် (၄၂၉) ခြေမြန်တပ်ရင်း (ခမရ ၄၂၉)၊ခမရ (၄၃၀) နဲ့ ခလရ (၃၃၇)တပ်ရင်းအပြင် ရှမ်း ပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်ရင်းအချို့ အားဖြည့်ထားတယ်လို့ သိရပါတယ်။

အရပ်သားအစိုးရလက်ထက်က လူဦးရေနဲ့ အိမ်ထောင်စုစာရင်းတွေအရ ဘောလခဲ မြို့နယ်တစ်ခုလုံးမှာ အိမ်ခြေ ၁၇၀၀ကျော်ရှိပြီး လူဦးရေ ၈၀၀၀ကျော်ရှိပါတယ်။မြို့ပေါ် နေအိမ် ၇၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။