Connect with us

Hi, what are you looking for?

News

NPRF က မုံရွာအမှတ် ၂ ရဲစခန်းကိုဗုံးဖြင့်ပစ်၍တိုက်ခိုက်

မုံရွာမြို့ အမှတ် ၂ ရဲစခန်းအား နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်ကလည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး နားထင်တွင် သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးခဲ့ဖူးသည်။

မုံရွာမြို့ အေးရိပ်သာလမ်းပေါ်ရှိ အမှတ် ၂ ရဲစခန်းအားယနေ့ (နိုဝင်ဘာလ ၂၃ ရက်) နံနက် ၅း၃၀ အချိန်ကလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF)မှ သတင်းထုတ်ပြန်သည်။

ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲသားများ ထိခိုက်မှုရှိသော်လည်း ရဲဘော်များဘေးကင်းရေးအတွက် ပျက်စီးထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ နောင်တွင်လည်း ပြည်သူ့အပေါ် မတရားသောစည်းကမ်းများဖြင့် တင်းကြပ်နေသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (NPRF)မှ သတိပေးထားသည်။

မုံရွာမြို့ အမှတ် ၂ ရဲစခန်းအား နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်ကလည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး နားထင်တွင် သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးခဲ့ဖူးသည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာငါးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်ပစ်ခတ်၍ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြည်သူများ၏ဆိုင်ကယ်များကိုလည်း အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။