Connect with us

Hi, what are you looking for?

LuduNwayOo

News

NPRF က မုံရွာအမှတ် ၂ ရဲစခန်းကိုဗုံးဖြင့်ပစ်၍တိုက်ခိုက်

မုံရွာမြို့ အမှတ် ၂ ရဲစခန်းအား နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်ကလည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး နားထင်တွင် သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးခဲ့ဖူးသည်။

မုံရွာမြို့ အေးရိပ်သာလမ်းပေါ်ရှိ အမှတ် ၂ ရဲစခန်းအားယနေ့ (နိုဝင်ဘာလ ၂၃ ရက်) နံနက် ၅း၃၀ အချိန်ကလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု(NPRF)မှ သတင်းထုတ်ပြန်သည်။

ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီရဲသားများ ထိခိုက်မှုရှိသော်လည်း ရဲဘော်များဘေးကင်းရေးအတွက် ပျက်စီးထိခိုက်မှုအခြေအနေမသိရသေးကြောင်း၊ နောင်တွင်လည်း ပြည်သူ့အပေါ် မတရားသောစည်းကမ်းများဖြင့် တင်းကြပ်နေသော စစ်ကောင်စီလက်အောက်ခံများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု (NPRF)မှ သတိပေးထားသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့ အမှတ် ၂ ရဲစခန်းအား နိုဝင်ဘာလ ၅ ရက် ညနေ ၄ နာရီအချိန်ကလည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်သားတစ်ဦး နားထင်တွင် သေနတ်နှစ်ချက်ထိမှန်ကာသေဆုံးခဲ့ဖူးသည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာငါးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်ပစ်ခတ်၍ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြည်သူများ၏ဆိုင်ကယ်များကိုလည်း အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။