Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AIနည်းပညာပါတဲ့ ဒရုန်းနည်းပညာကို သဘောကျနေတဲ့ ကင်မ်ဂျုံအွန်း

ဉာဏ်ရည်တု (AI) နည်းပညာပါတဲ့ တိုက်ခိုက်ရေး ဒရုန်း အသစ် စမ်းသပ်မှုကို ကွပ်ကဲစောင့်ကြည့်ခဲ့တဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အဲဒီ စစ်လက်နက် နည်းပညာအပေါ် အရမ်း သဘောကျသွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - KCNA

ဉာဏ်ရည်တု (AI) နည်းပညာပါတဲ့ တိုက်ခိုက်ရေး ဒရုန်း အသစ် စမ်းသပ်မှုကို ကွပ်ကဲစောင့်ကြည့်ခဲ့တဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အဲဒီ စစ်လက်နက် နည်းပညာအပေါ် အရမ်း သဘောကျသွားတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ခေါင်းဆောင်ကြီး ကင်မ်ဟာ စက်တင်ဘာ ၁၈ ရက်နေ့တုန်းက AI နည်းပညာသုံး တိုက်ခိုက်ရေး ဒရုန်းရဲ့ စမ်းသပ်ပျံသန်းမှုကို စောင့်ကြည့်ခဲ့တာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် ခေတ်သစ် စစ်ပွဲတွေမှာ ဒရုန်းတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် ကျယ်ပြန့် ကြီးမားလာနေတယ် ဆိုတာကို ကင်မ်က အသိအမှတ် ပြုခဲ့ပြီး နိုင်ငံရဲ့ အနာဂတ် စစ်အင်အားကို တည်ဆောက်ရာမှာ အဲဒီလိုမျိုး လူကိုယ်တိုင် ထိန်းချုပ်စရာ မလိုတဲ့ AI အထောက်အပံ့ အသုံးပြု ဒရုန်းတွေ အများအပြား ပိုင်ဆိုင်ရေးကို ဦးစားပေးဖို့ လမ်းညွှန်ခဲ့ကြောင်း KCNAက ဆိုပါတယ်။

ကင်မ်က မောင်းသူမဲ့ တိုက်ခိုက်ရေး ယန္တရား တစ်ခုဖြစ်တဲ့ အဲဒီလို ဒရုန်းမျိုးဟာ နိုင်ငံအတွက် အရေးကြီးတဲ့ စစ်ရေးဆိုင်ရာ ပိုင်ဆိုင်မှု အသစ်အဆန်း တစ်မျိုးလို့ လက်ခံထားခဲ့ကြောင်း သိရပါတယ်။

AI နည်းပညာက ပါဝင်ထိန်းချုပ်ပေးတဲ့ ဒရုန်းနဲ့ ပတ်သက်လို့ ဘယ်လို အသုံးပြုသလဲ၊ ဘယ်လို အလုပ်လုပ်သလဲ၊ တခြား ဒရုန်းအမျိုးအစားတွေကရော ဘာတွေ စွမ်းဆောင်နိုင်သလဲ ဆိုတာတွေကို ကင်မ်က အသေးစိတ်၊ အချိန်အကြာကြီး စိတ်ဝင်တစား မေးမြန်းခဲ့သေးတယ်လို့လည်း KCNAက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

သူက တိုက်ခိုက်ရေး ကဏ္ဍအတွက်သာ မကဘဲ ထောက်လှမ်းရေးနဲ့ ဘက်စုံသုံး ဒရုန်းတွေကိုပါ ပြည်တွင်းဖြစ် ထုတ်လုပ်မှုတွေ အရှိန်အဟုန်မြှင့်ဖို့ တိုက်တွန်းသွားကြောင်း KCNAက ဆိုပါတယ်။ မြောက်ကိုရီးယားမှာတော့ တိုက်ခိုက်ရေး ဒရုန်းတွေကို ကမ်ဆွန်ဆိုတဲ့ နာမည်အောက်မှာ ကုတ်ဒ်နံပါတ်တွေ ခွဲခြားသတ်မှတ်ပြီး တည်ဆောက်နေပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာ KCNAက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာဆိုရင် ကင်မ်က မီးခိုးရောင် ဒရုန်းအကြီးစား တစ်စီးကို နောက်ခံထားပြီး ရပ်နေတာ တွေ့ရပါတယ်။ အဲဒီဒရုန်းကို စမ်းသပ်ပျံသန်းခဲ့တာဟာ ပြုံယမ်းမြို့တော် နယ်မြေထဲမှာလို့ KCNAက ဆိုပေမယ့် နေရာအတိအကျကိုတော့ မဖော်ပြခဲ့ပါဘူး။

စစ်ရေး သုတေသီတွေကတော့ ယူကရိန်းနဲ့ စစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားကို စစ်ကူတွေ၊ လက်နက်ကြီးကျည်တွေ ပေးပို့ ကူညီနေတဲ့နောက် အပြန်အလှန် အနေနဲ့ ရုရှားကလည်း ဒရုန်းနည်းပညာတွေ ဝေမျှပေးနေတယ်လို့ ယုံကြည်နေကြပါတယ်။ မတ်လတုန်းကလည်း ကင်မ်ဟာ ပြည်တွင်းဖြစ် ထောက်လှမ်းရေးနဲ့ ဖောက်ခွဲရေး ဒရုန်းအမျိုးအစားတွေ စမ်းသပ်မှုကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။