Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နယ်မှာစစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၆ စီးကို တော်လှန်ရေးတပ်များဖျက်ဆီးနိုင်၊ ကားသုံးစီးစာရိက္ခာနဲ့ လက်နက်တွေရ

ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ကျားသစ်နက်တပ်ဖွဲ့နဲ့ဘီလုံးပြောင်ကျားတပ်တို့ကစက်တင်ဘာ၂၀ ရက်​နေ့မှာပူးပေါင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၂၀၊၂၀၂၅။ကျော်ဇော/People’s Spring

ထားဝယ်မြို့ဘက်ကနေလာတဲ့ စစ်တပ်ယာဥ်တန်း ၁၁ စီးမှ ၆ စီးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဲဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ကျားသစ်နက်တပ်ဖွဲ့နဲ့ဘီလုံးပြောင်ကျားတပ်တို့ကစက်တင်ဘာ၂၀ ရက်​နေ့မှာပူးပေါင်းထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ကား ၁၀ စီးပါယာဥ်တန်းဟာ သြဂုတ် ၂၁ ရက်ကတည်းက ထားဝယ်ကနေ ဝကုန်းရွာဘက်ကို ထွက်လာတာဖြစ်ပါတယ်။ အဲဒီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့သလို ယာဥ်သုံးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ရှေ့ဆက်မသွားနိုင်တဲ့ စစ်ယာဥ်တန်းမှလက်ကျန်ကိုးစီးနှင့် ချောဆွဲထားတဲ့အရပ်သားယာဥ်တစ်စီးအပါအဝင် ၁၀ စီးကို စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီလောက်မှာဝကုန်းရွာဘုရားတောင်အနီး တော်လှန်ရေးတပ်တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာလည်း စစ်တပ်ယာဥ်တန်းကို ဝကုန်းရွာမိုင်တိုင် ၂၃ နဲ့ ၂၄ ကြားမှာ ထပ်မံ၍ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ယာဥ်သုံးစီးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ ကျားသစ်နက်နဲ့ ဘီလုံးပြောက်ကျားတပ်က အသိပေးပါတယ်။

“(ရိက္ခာနဲ့လက်နက်)သုံးစီးစာရတယ်ခင်ဗျ။ ကျန်သုံးစီးကသူတို့ စကမ တွေ ပစ္စည်းတခြားကားပြန်တင်ပြီး ယူသွားနိုင်တယ်။ ဒီနေရာမှာ လက်နက်ခဲယမ်းထက် ရိက္ခာက ပိုများပါတယ်” လို့ ဖျက်ဆီးနိုင်ခဲ့တဲ့ယာဥ်တွေနဲ့ပတ်သက်လို့ ကျားသစ်နက်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကလူထုနွေဦးကို ပြောပါတယ်။

အထက်ပါတိုက်ခိုက်မှုများအနက် ထပ်တိုးယာဥ်အပါအဝင် စစ်တပ်မှ ယာဥ် ၁၁ စီးထဲက ၆ စီးကို တော်လှန်ရေးတပ်တွေက ဖျက်ဆီးနိုင်ခဲ့တာ​ပါ။ဒါ​ကြောင့်ကျန်ယာဥ် ၅ စီးဟာထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိကျောက်မဲတောင်စခန်းကို ဝင်ရောက်ခိုလှုံပြီး​တော့ စက်တင်ဘာ ၁၇ ရက်က ထားဝယ်မြို့ကို ပြန်ဆုတ်သွားတယ်လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်းမှာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရကာ တော်လှန်ရေးတပ်များဘက်မှ ဒေါနတပ်ခွဲ ၇ မှ ရဲဘော်တစ်ဦး၊ KNLA တပ် ရင်း ၁၂ မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ် ယာဉ်တန်းနဲ့ စစ်ကူတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ဦးနဲ့ တပ်သား ၆ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။