Connect with us

Hi, what are you looking for?

သတင်း

မြန်မာအ​ရေးစွက်ဖက်တဲ့ တရုတ်အစိုးရကို ပြည်ပ​ရောက်မြန်မာ​များဆန္ဒပြ

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲကို အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားရောက် မြန်မာများ ပြုလုပ်

စက်တင်ဘာ-၂၁၊၂၀၂၅။ သုည/People’s Spring

အမေရိကန်၊ ကနေဒါ၊ ဂျပန် နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲနှင့် မြန်မာ့အရေးစွက်ဖက်နေသည့်တရုတ်အစိုးရကန့်ကွက်ပွဲတို့ကိုယနေ့ တပြိုင်နက်ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်သည့် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

တရုတ်အစိုးရသည် ဘန်ဒေါင်းသဘောတူညီချက်အားချိုးဖောက်ကာမြန်မာ့အရေးဝင်ရောက်စွက်ဖက်နေမှုများ ၊ မြန်မာစစ်တပ်အပေါ် လက်နက်နှင့် နည်းပညာ ထောက်ပံ့နေမှုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် EAOs များအပေါ် ဖိအားပေး အကြပ်ကိုင်နေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝ မထောက်ခံရန် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

တရုတ်အစိုးရ မြန်မာပြည်သူ​တွေရဲ့ ဆန္ဒကို ​လေးစားပါ ၊တရုတ် မြန်မာနိုင်ငံထဲက ထွက်သွားလို့ အဂ်လိပ်ဘာသာနဲ့​ရေးထားတဲ့ စာတမ်းနဲ့ ဆိုင်းဘုတ်​တွေကိုကိုင်​ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ United Nations Plaza တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းအား ကမ္ဘာ့ကုလသမဂ္ဂတွင် ရွေးကောက်ခံ ပြည်သူ့အစိုးရ၏ ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်းဆန္ဒထုတ်ဖော်ပွဲကို ဖိလစ်ပိုင်၊ ဗီယက်နမ် နှင့် အာရှနိုင်ငံများ စုရုံးဖွဲ့စည်းထားသည့် အာရှမဟာမိတ်အဖွဲ့ဝင်များလည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ထောက်ခံရပ်တည်ကြောင်း တက်ရောက်ပါဝင်ခဲ့ကြသည်။

ထို့အပြင် အမေရိကန်နိုင်ငံရောက် မြန်မာများက “Our UN Ambassador U Kyaw Moe Tun ၊ The True Voice of Myanmar”Our UN” ၊ “Our Ambassador Our Voice” စာသားတို့ကို ကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ၌ ဆက်လက်ခန့်ထားရေး တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ကနေဒါနိုင်ငံဗန်ကူးမားမြို့တွင်လည်းရပ်​ဝေးရောက်မြန်မာနိုင်ငံသားများ စုပေါင်းကာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ၊မြောင်ဒုံတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်ရေး ထောက်ခံဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေးကော်မတီ(ကိုရီးယား) က ဦးဆောင်ကာ ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက တော်လှန်‌ရေးအခြေအနေများကို အကျယ်တဝင့် ပြောကြား၍ ညီညွတ်စည်းလုံးစွာ အောင်ပွဲရသည်အထိ လုပ်ဆောင်ကြရန်လည်းတိုက်တွန်းခဲ့သည်။

လာမည့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိမိတို့၏ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး၊ ထိုမှတဆင့် နိုင်ငံ့ကိုယ်စားလှယ်အဆင့်အတန်း ရရှိရေးတို့အတွက် မြန်မာပြည်သူများ၏ တောင်းဆိုချက်ကို ကိုရီးယားအစိုးရထံသို့ အိတ်ဖွင့်ပေးစာအဖြစ် ပေးပို့ခဲ့သည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေးကော်မတီ(ကိုရီးယား) ၊ CJ

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယဘူတာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ကုလသမဂ္ဂမှာ ‌သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။