Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်တွင် KNU တပ်မဟာ(၁)နှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ ​လေးဦးဒဏ်ရာရ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ သည် KNU ထိန်းချုပ်ဒေသ သထုံမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေထိုင်ရာနေရာများတွင်သာ စခန်းချတပ်စွဲလေ့ရှိကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာတွင် နိုဝင်ဘာ ၂၂ရက်က တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ယခု တိုက်ပွဲဖြစ်ပွားရာနေရာသည် ယခင်က KNU စစ်ဆေးရေးဂိတ်နေရာ အနီး၌ ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၁ရက်က ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စခန်းချတပ်စွဲခဲ့ပြီး နိုဝင်ဘာ ၂၂ရက်တွင် ထုံးဘိုလေး လမ်းခွဲမှစောအဲဖိုး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် KNU တပ်မဟာ(၁) တပ်ရင်း(၂)တပ်ဖွဲ့များနှင့်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ သည် KNU ထိန်းချုပ်ဒေသ သထုံမြို့နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦးများနှင့် လူနေထိုင်ရာနေရာများတွင်သာ စခန်းချတပ်စွဲလေ့ရှိကြောင်း ဖော်ပြထားသည်။

ယခုလအတွင်း KNU တပ်မဟာ(၁)နယ်မြေ၌ စစ်ကောင်စီလက်အောက်ခံတပ်များနှင့် KNU တပ်ဖွဲ့များအကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook