Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်မြို့သစ်စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို BGFတပ်ရင်းအချို့ ကူတိုက်ပေးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကလေးကေ့ကော်မြို့သစ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အထိနာနေလို့ ကရင် နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့က ကူတိုက်ပေးနေတယ်လို့ KNUတပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်စစ်​ကြောင်း​တွေကို ခုခံတိုက်ခိုက်​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-Screen Grab
  • မယ်ဝါးခီးရွာဘက်က စစ်ကြောင်းထိုးလာတဲ့ BGFဗိုလ်တင်ဝင်းတပ်ဖွဲ့ အထိနာ
  • ၄ရက်မြောက်နေ့တိုက်ပွဲ စစ်တပ်အလောင်းတွေပုံနေဟုသတင်းရင်းမြစ်​ပြော

စက်တင်ဘာ-၂၅၊၂၀၂၅။နေ့သစ်/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကလေးကေ့ကော်မြို့သစ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အထိနာနေလို့ ကရင် နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့က ကူတိုက်ပေးနေတယ်လို့ KNUတပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေးကေ့ကော်မြို့သစ်ဆီကို စစ်ကြောင်း ၅ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGFရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးလာပြီး BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့ကလေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်းကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။မယ်ဝါးခီးရွာဘက်က စစ်ကြောင်းထိုးလာတဲ့ ဗိုလ်တင်ဝင်းတပ်ဖွဲ့ အထိနာနေတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

“သူတို့ကကူတိုက်ပေးနေတာလို့ သတင်းထွက်တာပေါ့။ သေချာသလောက်ပါပဲ။ဗိုလ်တင်ဝင်းရဲ့ လူတွေလည်းထိတယ်ကြားရတယ်”လို့တပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၅ရက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားအလောင်းတွေ စုပုံနေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၁ရက်ကစတင်ပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ရက်က လေးကေ့ကော်မြို့ဆီကို စစ်ကြောင်း ၅ ကြောင်းနဲ့ထိုးစစ်ဆင်ရာ နေရာသုံးနေရာမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ​သေဆုံးဒဏ်ရာရသူများပြားပြီး အထိနာခဲ့တယ်လို့​မြေပြင်မှာတိုက်ပွဲဝင်​နေတဲ့ စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ မတရားခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တပ်သားသစ်တွေကို မူးယစ်​ဆေး​တွေ​​ကြွေး​ပြီး​ရှေ့ကတက်ခိုင်းတာလို့ သိရပါတယ်။ဒါ​ကြောင့် ​ဆေး​ကြောင်ပြီး အ​သိစိတ်လွတ်သလို​ရှေ့ကတက်လာတဲ့ စစ်သား​တွေ​သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး စောကော်ကတော့ “မိဘပြည်သူတွေ ကိုယ့်သားလူငယ်ရွယ်တွေရှိရင် ပစ(ပြည်သူ့စစ်)ထဲ ပါမသွားစေရန် အထူးဂရုပြုစေချင်ပါတယ်။ ခုတက်လာတဲ့ပစတွေ ကြောင်တောင်တောင်တေ ဆေးကြွေးပြီးရှေ့ကိုလွတ်တင်တယ်လို့ယူဆရပါတယ်။ စိတ်မကောင်းစွာနဲ့ ကိုယ်ဘက်က ကိုင်ထုတ်လိုက်တာများပါတယ်”လို့ မနေ့က စက်တင်ဘာ ၂၃ရက် တိုက်ပွဲအပြီးမှာ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားအသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်တလောမှာတော့ လေးကေ့ကော်မြို့သစ်အနားမှာဘဲ ရှိသေးပြီး မြို့ထဲကို ဝင်လို့ မရသေးပါဘူး။

​တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့လေးကေကော်မြို့သစ်ကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက် အတွက် စစ်တပ်ဟာ စက်တင်ဘာ ၂၂ရက်ကစတင်ပြီး တပ်မ (၂၂)၊ တပ်မ(၅၅)လက်အောက်ခံတပ်တွေကိုစုစည်းပြီးအင်အား ၅၀၀လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ။ မြဝတီမြို့စောင့်တပ် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းကနေလည်း လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ကူပေးနေပါတယ်။

ထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့ စစ်​​ကြောင်း​တွေကို KNU တပ်မဟာ(၆)ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့မကျဖို့ အပြင်းအထန်ခုခံနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook