Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ သတင်းပေးဒလန်နဲ့ ခိုးဆိုးလုနှိုက်တွေဖမ်းဆီးဖို့ ကရင်နီပြည်နယ်က မြို့နယ်သုံးခုမှာ သွားလာချိန် ကန့်သတ်

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်မှာ လှုပ်ရှားနေတဲ့ KNDFရဲဘော်တွေ။ ဓာတ်ပုံ − KNDF

စက်တင်ဘာ−၂၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီရဲ့ သတင်းပေးဒလန် နဲ့ ခိုးဆိုးလုနှိုက်သူတွေကို ဖမ်းဆီးဖို့ ကရင်နီပြည်နယ်ထဲက မြို့နယ်သုံးခုမှာ သွားလာချိန်ကန့်သတ်ပြီး စစ်ဆေးမှုတွေလုပ်မယ်လို့ မြို့နယ်အပ်ချုပ်ရေးကော်မတီတွေက ဒီကနေ့ (စက်တင်ဘာ ၂၆ရက်)မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရေးပြင်းထန်လာမှုနဲ့ စစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲအောင်နိုင်ရေးစပ်လျဥ်းပြီး မသမာသူ(စစ်ကော်မရှင်တပ်၊ဒလန်၊ခိုးဆိုးလုနှိုက်သူ)တွေက ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ရပ်ရွာအေး ချမ်းသာယာရေးထိခိုက်အောင်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နန်းမယ်ခုံ၊လွိုင်နန်းဖနဲ့ဒီးဘောင်းခူမြို့ နယ်အတွင်း လုံခြုံရေးအရ ဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးပူးပေါင်းကော်မတီဝင်တွေက အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရေးအရသွားလာလှုပ်ရှားတဲ့တပ်ဖွဲ့ဝင်တွေနဲ့ အရေးပေါ်ကျန်းမာရေး၊နာရေးလိုအပ်ချက်အရ သွားလာရမယ့်သူတွေကလွဲလို့ ဘယ်သူမဆို ည ၉ နာရီကနေ မနက် ၄နာရီအတွင်းသွားလာတာမလုပ်ဖို့ ကန့်သတ်ထားပါတယ်။

ဒါ့အပြင် လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေအရ သက်ဆိုင်ရာ ကရင်နီပြည်နယ်ရဲဌာန KSP၊တပ်ရင်း တပ်ဖွဲ့တွေ၊အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့ရင် ကြည်ဖြူစွာနဲ့လက်ခံဖို့လည်း ဖော်ပြပါတယ်။

အများပြည်သူအကျိုးအတွက်ကြောင့် ပြည်သူတွေအားလုံးလိုက်နာဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

“အရင်ကတည်းက သေချာစိစစ်သင့်တာ။အခုဆို မျက်နှာစိမ်းတွေက ဟိုနေရာမေး။ဒီနေရာမေး တွေရှိလာတယ်။သူတို့မေးပြီးသိပ်မကြာဘူး လေ ကြောင်းတိုက်ခိုက်မှုတွေရှိတယ်။ခိုးတာတွေလည်း အခုနောက်ပိုင်းပိုဆိုးလာတယ်”လို့ ဒီးမော့ဆို မြိုခံတဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့တွေမှာ ပုံစံမျိုးစုံအယောင်ဆောင်ထားတဲ့ စစ်ကောင်စီ စရဖနဲ့ သတင်းပေး ၁၀ဦးကျော် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ထားပါတယ်။

နန်းမယ်ခုံ၊လွိုင်နန်းဖ နဲ့ဒီးဘောင်းခူမြို့နယ်က ဒီးမော့ဆိုမြို့နယ်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်ခြမ်းမှာရှိပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ပြည်ထဲရေးဌာန ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲကနေ ကရင်နီပြည်နယ်ကို မြို့နယ် ၁၆ ခုနဲ့ ဖွဲ့စည်း အုပ်ချုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။