စက်တင်ဘာ ၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖို့ သမိုင်းအစဉ်အလာကြီး မားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD) ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက်အလိုရှိနေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မ ဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၇ရက်မှာ ကျရောက်တဲ့ NLD တည်ထောင်ခြင်း ၃၇ နှစ်ပြည့် အခမ်းအနားမှာ ယာယီသမ္မတက အခုလို ပြောကြားခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲချုပ်အနေနဲ့ သမိုင်းပေးတာဝန်တွေကို ဆက်လက်ထမ်းရွက်နေမယ်လို့ ယုံကြည်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအပါအဝင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အထောက်အပံ့ပေးတဲ့ (အတုအယောင်ရွေးကောက်ပွဲလို) လုပ်ရပ်တွေကို ဆန့်ကျင်တဲ့နေရာမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုအားလုံးနဲ့ တစ်သားတည်း တည်ရှိပြီး ဦးဆောင်ဦးရွက်ပြု ပါဝင်နေမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတက ပြောပါတယ်။

Public Service Announcement
“ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်လာအောင် ဆက်လက်ကူညီပေးဖို မေတ္တာရပ်ခံချင် ပါတယ်။ လူထုလွတ်လပ်ခွင့်အတွက် အာမခံချက်ရှိတဲ့ အခြေအနေကို ဖန်တီးဖိုအတွက် သမိုင်းအစဉ်အလာကြီးမားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဦးဆောင်ပါဝင်မှုကို ပြည်သူတစ်ရပ်လုံးက ဆက်လက် အလိုရှိနေကြပါတယ်။” လို့ ယာယီသမ္မတ က ပြောပါတယ်။
နွေဦးတော်လှန်ရေး မှာရှိတဲ့ အင်အားစုအားလုံးရဲ့ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့မှာ ခိုင်မာတဲ့ နိုင်ငံရေးပဋိညာဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိလာဖို့ NLD ရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ ပြည်ထောင်စုအရေးတစ်ခုလုံးအတွက် အထူးအရေးကြီးတယ်လိုလည်း ယာယီသမ္မတက ပြောပါတယ်။
နွေဦးတော်လှန်ရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ်ကစတင်ခဲ့တဲ့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ အဆက်လို့ ယူဆနိုင် ပြီး အဲဒီ လှုပ်ရှားမှုမှာ NLDဟာ ကြီးမားတဲ့ ထည့်ဝင်မှုကို ကာယကံ မြောက် မြှုပ်နှံခဲ့တဲ့ နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေး ခေါင်းဆောင် အားလုံးဟာ NLD ရဲ့ ကာယကံမြောက် ပေးဆပ်မြှုပ်နှံမှုတွေကို လေးနက်စွာဂုဏ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
NLD အကြောင်းပြောရင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မေ့ထား/ ဖျောက်ထားလို့ မရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာထက်ပိုပြီး နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တဦးဖြစ်ကြောင်း ကြေားကြားခဲ့ပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်အုပ်စု မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို ကြိုးပမ်းနေကြဆဲ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
NLD ခေါင်းဆောင်တွေဟာ စစ်အာဏာရှင်အဆက်ဆက် ရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို စိတ်ဓာတ်သတ္တိအပြည်နဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာဖြစ်ပြီး NLD ဟာ ပြည်သူ့အကျိုးစီးပွားကို အစဉ်တစိုက်ရှေးရှုခဲ့တယ်ဆိုတာ ထင်ရှားတယ်လိုလည်း ပြောကြားခဲ့ ပါတယ်။
အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမှာစကား ပြောကြားခဲ့ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းနေတဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်” ထူထောင်နိုင်ရေး အတွက် NLD အနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲပြီး ညှိနှိုင်းဆောင်ရွက်သွားကြရေးအတွက် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။
“တော်လှန်ရေးရဲ့ ရှေ့ခရီးတစ်လျှောက်လုံးမှာလည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်း နေတဲ့ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးနဲ့ ညီညွတ်ရေးတို ပြည့်စုံတဲ့ “ဖက်ဒရယ်ဒီမိုကရေ စီနိုင်ငံတော်သစ်” ကို ထူထောင်နိုင်ဖိုအတွက် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီအနေနဲ့ ကျွန်တော် တို အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများ အားလုံးနဲ့အတူ လက်တွဲ ပြီး ၊ အမြင်မတူတာတွေရှိခဲ့ရင်လည်း တူအောင် ညှိနှိင်းကြလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် တဲ့အထိ စဉ်ဆက်မပြတ် ဆက်လက် ပါဝင်သွားကြဖို့ လေးနက်စွာ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။
လူထုခေါင်းဆောင်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေကြောင်းလို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆုတောင်းပေးခဲ့ပါတယ်။


















































