Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်က စစ်ကောင်စီရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စုက စစ်ကောင်စီခန့်ရာအိမ်မှူးမြင့်အောင်ဆိုသူကို နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ−၂၈၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စုက စစ်ကောင်စီခန့်ရာအိမ်မှူးမြင့်အောင်ဆိုသူကို နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီကျော်က ရှမ်းကုန်းရွာ ရာအိမ်မှူးမြင့်အောင်ဆိုသူရဲ့နေအိမ်ကို တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ ဘော်တွေသွားရောက်ပြီး သေနတ်နဲ့ အနီးကပ် လေးချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အဖွဲ့တွေဝင်သွားတော့ စခတွေထင်လို့ ဆရာတို့က ဘယ်တပ်စိပ်ကလဲ မေးတယ်။ ဆရာတို့ထိုင်ပြီးလက်ဖက်ရည်ကြမ်းသောက်ပါအုံး၊ လက်ဖက်သုတ်အုံးမယ်ပြော​ပြီး ထရော သေနတ်နဲ့ ၄ ချက်ပစ်တာ ၃ ချက်မှန်သေတယ်”လို့ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရာအိမ်မှူးမြင့်အောင်နေထိုင်တဲ့ ရှမ်းကုန်းကျေးရွာဟာ စစ်ကောင်စီရဲ့ ခမရ (၆)တပ်ဝင်းနဲ့ မိုင်ဝက်ခန့်သာဝေးပြီး အဲဒီတပ်ကစစ်ကောင်စီတပ်သားတွေ စစ်မှုထမ်းကြေးအပါအဝင် ဆက်ကြေးကောက်ဖို့ လာနေကျဖြစ်တာကြောင့် အခုလိုလူမှားဧည့်ခံတာဖြစ်နိုင်တယ်လို့ တပ်ခွဲ ၅ ရဲ့တာဝန်ရှိသူက ထင်မြင်ချက်ပေးပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ရာအိမ်မှူးမြင့်အောင်ဟာ စစ်ကောင်စီတပ်အတွက် ပြည်သူတွေထံက လစဥ်စစ်မှုထမ်းကြေးကောက်ယူလေ့ရှိသလို စစ်မှုထမ်းကြေးမပေးတဲ့ နေအိမ်က လူငယ်တွေကို ဖမ်းဆီးခိုင်းလေ့ရှိရာ သူ့ကြောင့် ဖမ်းဆီးခံလိုက်ရတဲ့လူငယ် ၁၀ ဦးထက်မနည်းရှိနိုင်တယ်လို့ တပ်ခွဲ ၅ က ဆိုပါတယ်။

ဒါကြောင့် ရာအိမ်မှူးမြင့်အောင်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ထံ ပြည်သူ့တိုင်ကြားချက်များရောက်ရှိခဲ့ရာ ၎င်းကို စစ်ကောင်စီထောက်တိုင်အဖြစ်လုပ်ကိုင်နေခြင်းအား ရပ်တန်းကရပ်ရန် သတိပေးတားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိလို့ အခုလို အရေးယူခဲ့ရခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာတပ်ရင်းက အသိပေးထားပါတယ်။

သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ထောက်တိုင်တွေကို တိုက်ခိုက်လျှက်ရှိရာ စက်တင်ဘာ ၂၀ ရက်ကလည်း နတ္တလင်းမြို့နယ် စန်ကြီးလောင့်ရွာမှာ ရာအိမ်မှူး ဇော်မင်းနိုင်ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း(၁)၊ တပ်ရင်းရုံးရဲဘော်များနှင့် တပ်ခွဲ(၄)ရဲဘော်တွေက ပစ်ခတ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့မှာစစ်ကောင်စီရဲ့ရာအိမ်မှူးကိုဆဲဆိုတဲ့အရပ် သားတဦး ဖမ်းဆီးခံရပြီး တရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ အဆိုပါမြို့ခံတွေက ပြောပါတယ်။

သတင်း

ထပ်မံစစ်ကြောင်းထိုးရန် ပြင်နေပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ရမ်းပစ်နေဟု PDF ပြော

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။