Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီအုပ်ကြီးရုံး တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

အုတ်ဖိုမြို့၊ မြို့မရပ်ကွက်၊ အုတ်ဖို့မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဖေဖော်ဝါရီ ၄ ရက် နံနက် ၄ နာရီခွဲခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“အမြဲနေ နှစ်ယောက်ရှိပါတယ်။ အုပ်ကြီးက သူ့အိမ်မှာ မနေရဲဘူးလေ။ မြို့မစခန်းနားကပ်လျက် မြို့မရပ်ကွက် အုပ်ကြီးရုံးမှာ နေတာပါ”ဟု စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးအခြေ အနေကို မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ ပြုစုထားသော စစ်မှုထမ်းစာရင်းမှတ်တမ်းများ စုပ်ပြဲပျက်စီးကာ ရုံးအတွင်းရှိနေသူနှစ်ဦးထိခိုက်သွားပြီး ယင်းထိခိုက်သူများတွင် စစ်ကောင်စီခန့်အုပ်ကြီး ပါ၊မပါ မသိရသေးကြောင်း ၎င်းက ဆက်ပြော သည်။

တိုက်ခိုက်ခံရပြီးနောက် အုတ်ဖိုမြို့နယ်ရဲစခန်းရှိ စစ်ကောင်စီတပ်သာများ အုပ်ချုပ်ရေးရုံးသို့ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်အား သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထို့အပြင် အုပ်ချုပ်ရေးရုံးအနီး လမ်းပိုင်းအချို့ကို စစ်ကောင်စီတပ်က တားဆီးပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မြို့လယ်မှာ မိုင်းကွဲပြီး စကစ ဘက်က ခြောက်လှန့်ပစ်ခတ်တဲ့ သေနတ်သံက တိုက်ပွဲ တစ်ခုလောက်ကို သူတို့ကျည်ကုန်မှာ သေချာတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝ က ပြော သည်။

လတ်တလောတွင် စစ်ကောင်စီက အုတ်ဖိုမြို့အဝင်၊ အထွက်အား ယခင်အကြိမ်များကအ တိုင်း လုံခြုံရေးတင်းကြပ်ခြင်းမပြုဘဲ မြို့အ ခြေအနေ ပုံမှန်ဖြစ်နေဟန်ဖြင့် မည်သည့်လှုပ် ရှားမှုမှမတွေ့ဘဲ ငြိမ်နေခြင်းမှာ ကောင်းသည့်အခြေအနေမဟုတ်၍ ပြည်သူများသတိပြုသွားလာနေထိုင်ကြရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာအုပ်စုက စစ်ကောင်စီခန့်ရာအိမ်မှူးမြင့်အောင်ဆိုသူကို နေအိမ်သို့ သွားရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်က PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။