Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာနေအိမ်များ မီးရှို့ဖျက်ဆီး

ထပ်မံစစ်ကြောင်းထိုးရန် ပြင်နေပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ရမ်းပစ်နေဟု PDF ပြော

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ကျေးရွာအနီးတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိခဲ့သည့် စစ်ကောင်စီတပ်က စင်မြင့်ရွာရှိ ပြည်သူများ၏ နေအိမ်များမီးရှို့ပြီး စစ်အင်အားထပ်မံဖြည့်တင်း စစ်ကြောင်းထိုးရန် ပြင်နေ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၄ရက်တွင် စစ်မြင့်ကျေးရွာအနီးဖြစ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိခဲ့သည့် အခြေအနေတွင် စစ်ကောင်စီတပ်က စစ်မြင့်ရွာမှ နေအိမ် ၁၆လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း မီးရှို့ခံရသည့် နေအိမ်များ ရုပ်သံမှတ်တမ်းကို တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)က ယနေ့နံနက်တွင် ဖော်ပြသည်။

“အထိနာလို့ မဆိုင်တဲ့ ပြည်သူမဲပြီးအိမ်တွေမီးရှို့တာ။ PDF မနိုင်ရင် ပြည်သူအိမ် မီးရှို့တာပဲ။အရင်ကလည်း ရှို့တာပေါ့”ဟု တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ပြည်သူများသည် ဆွေးမျိုးများနှင့် အသိနေအိမ်များ၌ ခိုလှုံနေကြရပြီး အချို့သည် တောတောင်ထဲ၌ စစ်ရှောင်နေကြရသည်ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်ကြောင်းတပ်ရင်း(၃၈၀၂)တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

“ရွာတွေဘက် လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်နေတယ်” ဟု တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအချိန်မရွေးထပ်ဖြစ်နိုင်၍ ပြည်သူတွေကို သတိပေးနေရကြောင်းလည်း ၎င်းက ပြောသည်။

စစ်ရှောင်အခြေအနေမှာ စာရင်းကောက်မထား၍ အရေအတွက် မသိရသေးဟုလည်း တပ်ခွဲ(၅) တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်‌ကောင်စီတပ်သား အောင်တင်မြင့် ကဖေဖော်ဝါရီ၁၇ရက် မနက်တွင်အလင်းဝင်လာကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅က သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ မြို့နယ်ရဲစခန်းအနီးရှိ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုမှ တပ်ခွဲမှူးရဲဘော်ဒေဝက လူထုနွေဦးသို့ ပြောသည်။

သတင်း

လူငယ် ၁၁ဦးဖမ်းခံရပြီး ပြည်သူအများအပြား ထွက်ပြေးနေရ

Facebook