Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စက်တင်ဘာလအတွင်း ယူကရိန်းမှာ ရုရှားရဲ့ ထိုးဖောက်နိုင်စွမ်း လျော့ကျသွား

စက်တင်ဘာလထဲမှာ ယူကရိန်းနိုင်ငံ ပိုင်နက်ထဲ ရုရှားရဲ့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက သိသိသာသာ အားလျော့သွားတယ်လို့ သိရပါတယ်။

ယူကရိန်းစစ်သားတစ်ဦးက ဒွန်းညက်စ်ခ်ဒေသရှိ ရုရှားစစ်စခန်းများဆီသို့ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - Reuters

စက်တင်ဘာလထဲမှာ ယူကရိန်းနိုင်ငံ ပိုင်နက်ထဲ ရုရှားရဲ့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းက သိသိသာသာ အားလျော့သွားတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက စစ်မြေပြင် အခြေအနေကို စောင့်ကြည့် လေ့လာနေတဲ့ DeepState အဖွဲ့က ရုရှားဟာ မေလနောက်ပိုင်း နယ်မြေသိမ်းပိုက်နိုင်စွမ်း အနည်းဆုံး ကာလတစ်ခုကို စက်တင်ဘာလမှာ ကြုံတွေ့ ဖြတ်သန်းခဲ့ရတယ်လို့ ပြောပါတယ်။

စက်တင်ဘာလထဲမှာ နောက်ထပ် ယူကရိန်းနယ်မြေ ၂၅၉ စတုရန်း ကီလိုမီတာကို ရုရှားက သိမ်းယူခဲ့ကြောင်း၊ တစ်နည်းအားဖြင့် ယူကရိန်း တစ်နိုင်ငံလုံး ဧရိယာရဲ့ ၀.၀၄ ရာခိုင်နှုန်းကို ရုရှားက တစ်လတာအတွင်း ချဲ့ထွင် သိမ်းယူခဲ့တာဖြစ်ကြောင်း DeepStateက ဆိုပါတယ်။

ဒါပေမဲ့ ဩဂုတ်လတုန်းက ရုရှားတပ်တွေ ချဲ့ထွင် သိမ်းယူနိုင်ခဲ့တဲ့ မြေအကျယ်အဝန်းနဲ့ ယှဉ်ရင် စက်တင်ဘာလမှာ ၄၄ ရာခိုင်နှုန်းထိ လျော့ကျသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုဆိုရင် ယူကရိန်း ပိုင်နက် အကျယ်အဝန်း စုစုပေါင်းရဲ့ ၁၉.၀၄ ရာခိုင်နှုန်းဟာ ရုရှား ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ DeepStateက တွက်ချက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၁ ရက်နေ့မှာတော့ ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ဇန္ဒား ဆာ့စ်စကီက သူ့ရဲ့ တပ်တွေဟာ စက်တင်ဘာ ၃၀ ရက်နေ့တုန်းက ၂.၂ စတုရန်း ကီလိုမီတာလောက် ကျယ်ဝန်းတဲ့ ဧရိယာကို ပြန်သိမ်းယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပြီး ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ၃ စတုရန်း ကီလိုမီတာလောက် ကျယ်တဲ့ နေရာက ရန်သူတွေကို တိုက်ထုတ်ပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက ရုရှားဟာ ၁၂၅၀ ကီလိုမီတာ ရှည်လျားတဲ့ စစ်မြေပြင် တလျှောက်မှာ တပ်ဖွဲ့ငယ်တွေကို အသုံးပြုပြီး အကဲစမ်း တိုက်ခိုက်တာတွေ ပိုလုပ်လာခဲ့တယ်လို့ ဆာ့စ်စကီက ပြောပါတယ်။ ရုရှားဟာ ယူနစ် သေးသေးလေးတွေကို ခွဲထုတ် ဖြန့်ကျက်ပြီး အရေအတွက် အမြောက်အမြား စေလွှတ်ရင်း ယူကရိန်း ပိုင်နက်ထဲ ရနိုင်သမျှ တိုးဝင်တဲ့ နည်းကို အသုံးပြုနေတာလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

ခြုံပြီးကြည့်မယ် ဆိုရင်တော့ ရန်သူ့ လှုပ်ရှားမှုတွေကို နိုင်နိုင်နင်းနင်း ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ယူကရိန်းဖက်ကလည်း စစ်မြေပြင်မှာ အောင်မြင်မှုတချို့ ရရှိနေတယ်လို့ သူက ပြောကြားသွားခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး တွက်ချက်ရင် ယူကရိန်း ပိုင်နက်ထဲက နယ်မြေ ၃၃၀၈ စတုရန်း ကီလိုမီတာထိ ချဲ့ထွင် သိမ်းယူနိုင်ခဲ့ကြောင်း စက်တင်ဘာ လကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။