Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ပျူ​စောထီးသုံးဦးကို​​သေနတ်ဖြင့်ပစ်သတ်ဟု မုံရွာ​စေတန်သတင်းထုတ်ပြန်

ထို့ပြင် ဆည်ကြီးတောကျေးရွာမှ ပျူစောထီးသင်တန်းတက်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေးလင်မယားဖြစ်ကြသော အောင်မွန် နှင့် အောင်မေဝင်းတို့ကိုလည်း ကျည်ဆံငါးတောင့်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Monywa Satan က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးအပါအဝင် ပျူစောထီးအဖွဲ့ဝင်သုံးဦးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa Satan က သတင်းထုတ်ပြန်သည်။

ယနေ့ ( နိုဝင်ဘာ ၂၄ရက်နေ့)တွင်မုံရွာမြို့နယ်၊ မုဆယ်ကြီးတောကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး မြင့်ဆောင်မှာ GTC ရှိ စစ်သားများအား စားသောက်စရာများပေးပို့၍အိမ်တွင်ညအိပ်လက်ခံသည့်အပြင် မုံရွာတောင်သပိတ်စစ်ကြောင်းထွက်ချိန်များကိုလည်း စုံစမ်း၍စစ်တပ်အားသတင်းပေးကြောင်းသိရှိရသည့်အတွက် ကျည်တစ်တောင့်ဖြင့်ပစ်ခတ်သုတ်သင်ခဲ့သည်ဟု Monywa Satan က အသိပေးသည်။

ထို့ပြင် ဆည်ကြီးတောကျေးရွာမှ ပျူစောထီးသင်တန်းတက်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေးလင်မယားဖြစ်ကြသော အောင်မွန် နှင့် အောင်မေဝင်းတို့ကိုလည်း ကျည်ဆံငါးတောင့်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Monywa Satan က အသိပေးသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီသတင်းပေးပျူစောထီးလင်မယားတို့အား ထောက်ပံ့ပေးနေသော စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သော စစ်ကောင်စီသတင်းပေနေဝင်းမြတ်အား ရင်ဘတ်သို့ကျည်တစ်ချက်၊ ခေါင်းသို့ကျည်ငါးချက်ပစ်ခတ်ကာရှင်းလင်းခဲ့ကြောင်း Monywa Satan က ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ခင်းပိုင်းကလည်း မုံရွာမြို့ရှိ အမှတ် (၁) အထပ်သားစက်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး CDMဝန်ထမ်းများကိုဖိအားပေးနေသော မန်နေဂျာအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရရှိသွားကြောင်း MONYWA YOUNG PEOPLE GROUP(MYPG)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook