Connect with us

Hi, what are you looking for?

သတင်း

စစ်​​တပ်က TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့ကို ဗုံးကြဲ

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲကTNLA ထိန်းချုပ်ထားတဲ့ မိုင်း‌ငေါ့မြို့ကိုဒီက​နေ့မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

စစ်တပ်က ​အောက်တိုဘာ ၈ ရက်​နေ့မှာ ရှမ်းပြည်နယ်​မြောက်ပိုင်း မန်ဟုန်းရွာကို ဗုံးကြဲ​​ပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-TNLA

​အောင်တိုဘာ-၈၊၂၀၂၅။လူအေး/People’s Spring

စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲကTNLA ထိန်းချုပ်ထားတဲ့ မိုင်း‌ငေါ့မြို့ကိုဒီက​နေ့မနက် ၁၁ နာရီကျော်မှာ လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။

တံတားဦးလေတပ်က‌နေ တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာဖြစ်ပြီး ၊ထိခိုက်မှုအခြေနေကိုမသိရသေးဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ကို TNLA က ထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေအနေကို ထပ်မံအသိပေးမယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းTNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို စစ်ကောင်စီက နေ့စဉ်ဗုံးကြဲနေပါတယ်။အောက်တိုဘာလ ၁ရက်နေ့ကနေ အောက်တိုဘာလ ၈ရက်အထိ နမ္မတူ၊ မန်တုံ၊သီပေါ၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို ဗုံးဆက်တိုက်ကြဲခဲ့လို့ အရပ်သား ၂၀ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

​အောက်တိုဘာ ၇ ရက်​​နေ့က မိုင်းလုံမြို့ကို ဗုံးကြဲလို့ကလေးငယ်တစ်ဦးအပါအ၀င်အရပ်သား ဆယ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံဒေသအနှံ့မှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးဗုံးကြဲနေလို့ လုံခြုံရေးအန္တရာယ်အထူးသတိပြုကြဖို့ TNLAက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။