Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဉ်တန်းလုံခြုံရေးယူမယ့် စစ်သားတွေကို ချောင်းဦးPDFအဖွဲ့ တိုက်ခိုက်

စစ်သားလေးဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ချောင်းဦး PDFပြော

တိုက်ခိုက်မှုအတွင်းမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - ချောင်ဦး PDF

အောက်တိုဘာ-၁၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းလုံခြုံရေးယူမယ့် စစ်သားတွေကို တိုက်ခိုက်ရာ ရန်သူ့အလောင်းနဲ့ လက်နက်တွေရရှိတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၁၀ ရက်) မနက် ၇ နာရီကျော်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားလေးဦးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားရုပ် အလောင်းသုံးလောင်း၊ ဆိုင်ကယ် လေး စီး၊ BA 63 သေနတ် သုံး လက်နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ပြီး တော်လှန်ရေးရဲဘော်တွေဘေးကင်းတယ်လို့ ဖော်ပြပါတယ်။

“စစ်ကိုင်းဘက်က ထွက်လာမယ့်ယာဥ်တန်းကို လုံ​ခြုံရေးယူတဲ့ကင်း၊ စစ်ကိုင်းကနေ နမခဘက်ပဲ ဖြစ်ဖြစ် နမခကနေ စစ်ကိုင်းပဲ ဖြစ်ဖြစ် အဲဒီလုံခြုံရေးကို စောင့်ကြို တိုက်ခိုက်တာလို့ “လို့ ချောင်းဦး PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ထဲကနေ မိုင်းဖျက်တဲ့ဂျန်မာကားတွေ ထွက်လာကြောင်းဒေသခံတွေက ဆိုပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းပိုင်းသတင်းနားစွင့်ပြီး အန္တရာယ်ကင်းပြီဆိုမှ သွားလာအသုံးပြုကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။

စစ်ကောင်စီတပ်ဟာမုံရွာ-မန္တလေးလမ်းပေါ်မှာ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို ရှေ့ကနေမောင်းခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီမီးထွန်းပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ၂၈ဦး သေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF - Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။

Facebook