Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဉ်တန်းလုံခြုံရေးယူမယ့် စစ်သားတွေကို ချောင်းဦးPDFအဖွဲ့ တိုက်ခိုက်

စစ်သားလေးဦးသေပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ချောင်းဦး PDFပြော

တိုက်ခိုက်မှုအတွင်းမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - ချောင်ဦး PDF

အောက်တိုဘာ-၁၀၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းလုံခြုံရေးယူမယ့် စစ်သားတွေကို တိုက်ခိုက်ရာ ရန်သူ့အလောင်းနဲ့ လက်နက်တွေရရှိတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၁၀ ရက်) မနက် ၇ နာရီကျော်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားလေးဦးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားရုပ် အလောင်းသုံးလောင်း၊ ဆိုင်ကယ် လေး စီး၊ BA 63 သေနတ် သုံး လက်နဲ့ ကျည်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ပြီး တော်လှန်ရေးရဲဘော်တွေဘေးကင်းတယ်လို့ ဖော်ပြပါတယ်။

“စစ်ကိုင်းဘက်က ထွက်လာမယ့်ယာဥ်တန်းကို လုံ​ခြုံရေးယူတဲ့ကင်း၊ စစ်ကိုင်းကနေ နမခဘက်ပဲ ဖြစ်ဖြစ် နမခကနေ စစ်ကိုင်းပဲ ဖြစ်ဖြစ် အဲဒီလုံခြုံရေးကို စောင့်ကြို တိုက်ခိုက်တာလို့ “လို့ ချောင်းဦး PDF တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ကင်းပုန်းတွေချထားပြီး ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ထဲကနေ မိုင်းဖျက်တဲ့ဂျန်မာကားတွေ ထွက်လာကြောင်းဒေသခံတွေက ဆိုပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းပိုင်းသတင်းနားစွင့်ပြီး အန္တရာယ်ကင်းပြီဆိုမှ သွားလာအသုံးပြုကြဖို့ ဒေသခံတွေက အကြံပြုထားပါတယ်။

စစ်ကောင်စီတပ်ဟာမုံရွာ-မန္တလေးလမ်းပေါ်မှာ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် ခရီးသွားပြည်သူတွေရဲ့ကားကို ရှေ့ကနေမောင်းခိုင်းတာ၊ မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၆ရက် သီတင်းကျွတ်လပြည့်ညက ချောင်းဦးမြို့နယ် ဘုံတိုရွာ ဆီမီးထွန်းပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ၂၈ဦး သေဆုံးပြီး ၄၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည် ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။