Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုကို စစ်တပ်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊လေကြောင်းပစ်ကူယူပြီး ထိုးစစ်ဆင်နေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ထိုးစစ်ဆင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ဒီကနေ့(အောက်တိုဘာ ၁၀ရက်)မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ KNDFက ရဲဘော်တွေ။ ဓာတ်ပုံ - KNDF

အောက်တိုဘာ-၁၀၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လက်နက်ကြီး၊လေကြောင်းပစ်ကူယူပြီး အပြင်းအထန်ထိုးစစ်ဆင်လာနေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၁၅)က ဒီကနေ့(အောက်တိုဘာ ၁၀ရက်)မှာ ထုတ်ပြန်ပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ကာလဖြစ်လို့ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ရှေ့တန်းက ရဲဘော်တွေ နေ့မနား၊ညမအိပ် ခုခံကာကွယ်နေတယ်လို့လည်း အသိပေးပါတယ်။

“စစ်ရေးတင်မာနေတယ်။ထိတွေ့မှုတွေက နေ့တိုင်း အနည်းနဲ့အများ ပုံမှန်ဖြစ်နေတယ်”လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူတွေ အနေနဲ့လည်း သတိဝိရိယထားပြီး သွားလာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ တပတ်တာ ကရင်နီစစ်ရေးအခြေအနေ ထုတ်ပြန်ချက်တွေအရ ဒီးမောဆိုနဲ့ ဖရူဆို လမ်းမကြီးပေါ်က တိုက်ပွဲမှာ စစ်ကောင်စီယာဥ်တန်းက စစ်ကားတစီးဖျက်ဆီးနိုင်ခဲ့ပြီး အရာရှိအဖြစ် ယူဆရသူအချို့ သေဆုံးခဲ့တယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဥ်နီးပါးရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖရူဆိုအခြေစိုက် စစ်ကောင်စီတပ်တွေထဲမှာ စစ်ကားတွေ ဖြန့်ခွဲစုဖွဲ့ထားပြီ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးသင်တန်းကျောင်းအနီးက ကျေးရွာတွေဘက်ထွက်ပြီး ဘောလခဲမြို့ဆီ ဦးတည်တဲ့ စစ်ကြောင့်တချို့လှုပ်ရှားနေတာကြောင့် ထိတွေ့မှုရှိတယ်လို့ အသိပေးပါတယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နဲ့ တနန်းဥကွိုင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆက်စစ် ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေပြီး စစ်ကောင်စီတပ်က ဒရုန်း၊လက်နက်ကြီးတွေနဲ့ အဓိကထားတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နဲ့ မိုး​​ဗြဲမြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေရှိနေပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ဘောလခဲမြို့နယ်မှာ လုပ်နိုင်ဖို့အတွက် ဖရူဆိုကနေ ဘောလခဲမြို့ကို စစ်ကြောင်းထိုးနိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။