Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမှာ စစ်တပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေတိုက်ခိုက်

စစ်သား ၂၀ကျော်သေပြီး ၁၀ကျော် အရှင်ဖမ်းမိ၊ လက်နက်တွေလည်း သိမ်းရ

လက်ပံတန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထံကရရှိထားတဲ့ လက်နက်တွေကို တွေ့ရစဥ်။ဓာတ်ပုံ - File

အောက်တိုဘာ-၁၆၊၂၀၂၅။မိုမို/People’s Spring

ပဲခူးတိုင်း၊လက်ပံတန်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်သား ၂၀ကျော်သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူ ၁၀ဦးကျော်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက လူထုနွေဦးကို ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ လက်ပံတန်းမြို့နယ်၊သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“အသေ၂၀ ကျော်ရသလို အရှင် ၁၀ဦးထက်မနည်းပေါ့”လို့ ပဲခူးအနောက်ခြမ်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်နက်အလက် ၂၀ဝန်းကျင်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား သေဆုံးမှုတွေနဲ့ အရှင် ဖမ်းမိရတာတွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၅က အတည်ပြုပါတယ်။

“ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီမှ ‌ဖြေကြားလို့ ရပါမယ်”လို့ တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်အား ၂၀ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က နှစ်ဦးသေပြီး သေနတ်နှစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook