Connect with us

Hi, what are you looking for?

News

မန္တလေးမှာ မြန်မာစီးပွားရေးဘဏ်ရှေ့ကို ဗုံးနဲ့ပစ်သွား

” အသံဗုံးလို့ပြောတယ်၊စကစဘက်က ထိခိုက်တာမရှိလိုက်ဘူး၊ ပစ်ပြီးပြေးသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မန္တလေး မြန်မာ့စီးပွားရေးဘဏ် ၂ ရှေ့မြင်ကွင်း

မန္တလေး အောင်မြေသာစံမြို့နယ် ၈၃လမ်းနဲ့ ၂၄လမ်းထောင့်ရှိ မြန်မာ့စီးပွားရေးဘဏ် ၂ ရှေ့ကို ဗုံးပစ်ခံရပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ၇ နာရီခွဲလောက်မှာ ဆိုင်ကယ် စီးအမျိုးသားဟာ ဘဏ်ရှေ့ကို ဗုံးပစ်သွားတာလို့သိရပါတယ်။

“အသံဗုံးလို့ပြောတယ်၊စကစဘက်က ထိခိုက်တာမရှိလိုက်ဘူး၊ ပစ်ပြီးပြေးသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးပစ်သွားချိန်မှာ ဘဏ်မဖွင့်သေးချိန်ဖြစ်ပြီး အစောင့်အဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်သာရှိနေတာပါ။

Public Service Announcement

Public Service Announcement

ဗုံးနဲ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ်နဲ့လိုက်လံပစ်ခတ်တဲ့အတွက် အရပ်သားအမျိုးသမီးတစ်ဦးကျည်ဆန်ထိမှန်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မန္တလေးမှာ ဆိုင်ကယ်နဲ့လာရောက်တိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီဟာ ဆိုင်ကယ်စီးရာမှာ ကန့်သတ်ချက်တွေထုတ်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Facebook