Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ် လူသားချင်းစာနာမှုအကူအညီပေးရေးအတွက်ဖြစ်တယ်လို့ ရှင်းလင်း

နောက်ထပ် အကူအညီပစ္စည်း ၂ တန်ကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ပေးပို့ပေးမှာဖြစ်တယ်လို့ ဝန်ကြီး Don က ဆက်ပြောပါတယ်။ အကူအညီပေးအပ်သူတွေထဲမှာ Unicef ၊ WHO နဲ့ Mae Fa Luang Foundation တို့ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ လူသားချင်းစာနာမှုအကူအညီပေးရေး အတွက်ဖြစ်တယ်လို့ ဝန်ကြီး Don Pramudwinai က နိုဝင်ဘာ ၂၅ ရက်မှာ အောက်လွှတ်တော်ကို ရှင်းလင်းပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရဲ့ နိုဝင်ဘာ ၁၄ ရက် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အောက်လွှတ်တော်အမတ် Sutin Klungsang က မေးမြန်းခဲ့ရာ ဝန်ကြီးကပုဂ္ဂလိကအဖွဲ့အစည်း ၁၇ ခု လှူဒါန်းတဲ့ ဆေးဝါးပစ္စည်းအပါအဝင် အကူအညီ ၁၅ တန် သွားရောက်ပေးအပ်ခဲ့တာလို့ ပြန်လည်ဖြေကြားပါတယ်။

နောက်ထပ် အကူအညီပစ္စည်း ၂ တန်ကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ပေးပို့ပေးမှာဖြစ်တယ်လို့ ဝန်ကြီး Don က ဆက်ပြောပါတယ်။ အကူအညီပေးအပ်သူတွေထဲမှာ Unicef ၊ WHO နဲ့ Mae Fa Luang Foundation တို့ ပါဝင်ပါတယ်။

ဒါ့အပြင်သူ့ခရီးစဉ်ဟာ လူသားချင်းစာနာမှုဆိုင်ရာအကြောင်းပြချက်တွေနဲ့ အမျိုးသားအကျိုးစီးပွားအတွက်ဖြစ်ခဲ့တယ်လို့ ဝန်ကြီး Don က ပြောပါတယ်။ မြန်မာနဲ့ထိုင်းတို့ဟာ နယ်နိမိတ်ချင်း ၂၄၀၀ ကီလိုမီတာ ထိစပ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး အဲဒီခရီးစဉ်ကြောင့် လာမယ့်ဒီဇင်ဘာမှာ အမေရိကန်က ကမကထပြုကျင်းပမယ့် ‘The Summit of Democracy’ တက်ရောက်ဖို့ ထိုင်းကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။

အဲဒီလို ဖိတ်ကြားခြင်းမရှိတဲ့အပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားခဲ့မယ်ဆိုရင် တက်ရောက်ဖို့ သင့်၊ မသင့် ဆုံးဖြတ်ရမှာဖြစ်ပြီး ကိစ္စအများအပြားမှာ အသွားနှစ်ဖက်ရှိတဲ့ဓားသွား တွေဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။