Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ (၁၁)မိုင်ရွာ စစ်ကောင်စီ ဗုံးကြဲလို့ သံဃာ ၂ ပါးဒဏ်ရာရ

အောက်တိုဘာအတွင်း TNLA နယ်မြေကိုစစ်တပ်ဗုံးကြဲလို့ ကလေးငယ် ၇ဦးအပါအဝင် ၃၀ဦးကျော် သေဆုံး

ကျောက်မဲမြို့နယ် (၁၁)မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းမြောက်က ကျောက်မဲမြို့နယ် (၁၁)မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က အောက်တိုဘာ ၁၈ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သံဃာတော် ၂ပါး ဒဏ်ရာရခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ပြန်လည် ဝင်ရောက်နေရာယူထားနိုင်ပေမယ့် မြို့နယ် အတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်လျက်ရှိရာ မနေ့က ည ၈နာရီ မိနစ်၄၀လောက်မှာ (၁၁)မိုင်ရွာကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းစစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာလအတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲ၊ သီပေါ၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊မိုးကုတ်၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အများစုက အရပ်သား ပြည်သူတွေရှိရာ နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူလူထုသေဆုံးထိခိုက်သေဆုံးမှုတွေများပြားခဲ့ပါတယ်။

TNLA ရဲ့ထုတ်ပြန်မှုအရ အောက်တိုဘာ ၁ရက်ကနေ ၁၇ရက်အထိ စစ်ကောင်စီတပ်က မန်တုံတွင် (၁)ကြိမ်၊ ကျောက်မဲတွင် (၃)ကြိမ်၊ သီပေါတွင် (၅)ကြိမ်၊ မိုင်းငေါ့တွင် (၁)ကြိမ်၊ မိုင်းလုံတွင် (၄)ကြိမ်၊ နမ့်ဆန်တွင် (၄)ကြိမ်၊ နမ္မတူတွင် (၅)ကြိမ်၊ မိုးမိတ်တွင် (၃)ကြိမ်နှင့် မိုးကုတ်တွင်(၁)ကြိမ်တို စုစုပေါင်း (၂၇)ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီလို တိုက်ခိုက်ခဲ့လို့ ကလေး (၇)ဦး၊ အမျိုးသား (၁၁)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း ၃၂ဦး သေဆုံးကာ ကလေးငယ် ၁၁ဦး အပါအဝင် ၄၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၁၀ကျော်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ပျက်စီးထိခိုက်မှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေလို့ ပြည်သူတွေ စစ်ရေးသတိရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဖို့လည်း TNLAက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။