Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင်အမျိုးသားနှစ်ဦးဆိုင်ကယ်စီးသည်ဆိုကာ​​စစ်​သားများက​သေနတ်ဖြင့်လိုက်ပစ်၍လူငယ်တစ်ဦးကွယ်လွန်

အပစ်ခံရသူသည် အသက် ၁၉ နှစ်အရွယ် မောင်ဝင်းမင်းထွန်းဆိုသူဖြစ်ပြီး ကျည်ဆီးခုံမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရွှေဘိုမြို့၊ ရွှေဘုံသာဘုရားကုန်းပေါ်ရှိ ကျောက်ခွေလုပ်သည့်နေအိမ်မှဖြစ်ကြောင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်းစီးလာစဥ် အကြမ်းဖက်စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်၍ အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)ညနေ ၆း၄၅ နာရီအချိန်ခန့်က ရွှေဘိုမြို့ပေါ် ကြေးရုပ်ကြီး သံလမ်းဆုံ အနီးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များမှသေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ၁ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အပစ်ခံရသူသည် အသက် ၁၉ နှစ်အရွယ် မောင်ဝင်းမင်းထွန်းဆိုသူဖြစ်ပြီး ကျည်ဆီးခုံမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရွှေဘိုမြို့၊ ရွှေဘုံသာဘုရားကုန်းပေါ်ရှိ ကျောက်ခွေလုပ်သည့်နေအိမ်မှဖြစ်ကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမြို့အများစုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူတူ စီးနင်းခွင့်မပြု​ကြောင်းတားမြစ်ကန့်သတ်​နေပြီး၊ အမျိုးသားနှစ်ဦး စီးနင်း၍ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက​သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ​သေဆုံးဒဏ်ရာရမှုများဖြစ်​ပေါ်​နေသည်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။