Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုတွင်အမျိုးသားနှစ်ဦးဆိုင်ကယ်စီးသည်ဆိုကာ​​စစ်​သားများက​သေနတ်ဖြင့်လိုက်ပစ်၍လူငယ်တစ်ဦးကွယ်လွန်

အပစ်ခံရသူသည် အသက် ၁၉ နှစ်အရွယ် မောင်ဝင်းမင်းထွန်းဆိုသူဖြစ်ပြီး ကျည်ဆီးခုံမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရွှေဘိုမြို့၊ ရွှေဘုံသာဘုရားကုန်းပေါ်ရှိ ကျောက်ခွေလုပ်သည့်နေအိမ်မှဖြစ်ကြောင်းဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အမျိုးသားနှစ်ဦးဆိုင်ကယ်တစ်စီးတည်းစီးလာစဥ် အကြမ်းဖက်စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်၍ အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်)ညနေ ၆း၄၅ နာရီအချိန်ခန့်က ရွှေဘိုမြို့ပေါ် ကြေးရုပ်ကြီး သံလမ်းဆုံ အနီးတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလာသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များမှသေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ၁ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီးနောက် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အပစ်ခံရသူသည် အသက် ၁၉ နှစ်အရွယ် မောင်ဝင်းမင်းထွန်းဆိုသူဖြစ်ပြီး ကျည်ဆီးခုံမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရွှေဘိုမြို့၊ ရွှေဘုံသာဘုရားကုန်းပေါ်ရှိ ကျောက်ခွေလုပ်သည့်နေအိမ်မှဖြစ်ကြောင်းဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမြို့အများစုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူတူ စီးနင်းခွင့်မပြု​ကြောင်းတားမြစ်ကန့်သတ်​နေပြီး၊ အမျိုးသားနှစ်ဦး စီးနင်း၍ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက​သေနတ်ဖြင့် လိုက်လံပစ်ခတ်၍ ​သေဆုံးဒဏ်ရာရမှုများဖြစ်​ပေါ်​နေသည်

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက် ၇နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ ရွှေဘို-ကျောက်မြောင်း လမ်းပေါ်၌ ရွှေဘိုမြို့နှင့် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများသည်။

သတင်း

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။