Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီတပ်စခန်း နေပြည်တော်PDF သိမ်းပိုက်

လေကြောင်းရန်ကာကွယ်ရေးတပ်က တပ်ရင်းမှူးညီညီနိုင် အပါအဝင် ၁၅ ဦးသေဆုံး၊သုံ့ပန်း ၂ဦးဖမ်းမိ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်မှုအတွင်း ရသော လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်း။ ဓာတ်ပုံ - အမှတ် ၂ စစ်ဆင်ရေးနယ်မြေ

အောက်တိုဘာ-၂၁၊ ၂၀၂၅။ဇော်ဝင်း၊ထားမြတ်/People’s Spring

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနက ဒီကနေ့(အောက်တိုဘာ ၂၁ရက်)ထုတ်ပြန်ပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အင်အား (၆၀)ဝန်းကျင်နဲ့ အထိုင် စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို နေပြည်တော်တိုင်းစစ်ဌာန လက်အောက်တပ်ရင်းတွေ စုဖွဲ့ထားတဲ့ ဗျူဟာစစ်ကြောင်းနဲ့ မနေ့က(အောက်တိုဘာ ၂၀ရက်)ဝင်တိုက်ခိုက်တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် (၁၅)ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း နှစ်ဦး ဖမ်းဆီးရကာ သေဆုံးသွားတဲ့ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ညီညီနိုင် (လေကြောင်းရန်ကာကွယ်ရေးတပ်)က ဖြစ်တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

တပ်ရင်းမှူးညီညီနိုင်ကို လက်ရဖမ်းဆီးချိန်မှာ ပစ္စတိုထုတ်ပြီး ခုခံမှုပြုလုပ်တာကြောင့် အသေပစ်သတ်လိုက်ရတယ်လို့ အသိပေးပါတယ်။

“ရွာသစ်အထိုင်စခန်းက တစ်နှစ်ကျော်ပြီ ။အဲ့ဒီစခန်းက စစ်တောင်းအရှေ့မှာ လမ်းဟောင်းလမ်းသစ်ကို အဓိက ကာကွယ်တာ”လို့ နေပြည်တော်တိုင်းစစ်ဌာနစစ်ဦးစီးချုပ် ဗိုလ်လကျာ်က လူထုနွေဦးကို စခန်းသိမ်းနိုင်ခဲ့တာနဲ့ ပတ်သက်လို့ရှင်းပြပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဒရုန်းဖြတ်စက် အပါအဝင် MA-11 တစ်လက်၊ MA-3 တစ်လက်၊ G3 သုံးလက်၊ ၆၀မမတစ်လက်၊ ပစ္စတို တစ်လက်၊၆၀မမကျည်ငါးလုံး ကျည်ဘောက်၁၀ခု၊ကျည်မျိုးစုံ(၁၀၀၀)ဝန်းကျင်နဲ့ မီးစက်တစ်လုံးလည်း သိမ်းရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရွာသစ်ကျေးရွာ အထိုင်စခန်းနဲ့ ကျေးရွာတွင်းက စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတွေအားလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ရေးအရတော့ စကမ ရဲ့ မြို့တွေ ကာဖို့ အဓီကကျတဲ့ ကာကင်းတစ်ခု အထိုင်ချတပ်ဆွဲထားတဲ့ အခိုင်အမာစခန်းဖြစ်ပါတယ်။ ဆွာမြို့နဲ့ အခုတိုက်တဲ့ နေရာနဲ့က ၃ မိုင်ဝန်းကျင်လောက်ပဲ ဝေးပါတယ်။ ဆွာမြို့ ဝန်းကျင်မှာ ၈၄နဲ့ ၁၉ တပ်တွေရှိပါတယ်”လို့ နေပြည်တော်တပ်ရင်း( ၈၀၈) သတင်းပြန်ကြားရေး တာဝန်ရှိသူက ရွာသစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် အခု စစ်ဆင်ရေးဟာ နေပြည်တော် တပ်ရင်း (၈၀၈)ရဲဘော်တွေအတွက် သေနတ် အလက် ၂၀ဝယ်ယူဖို့ လုပ်ဆောင်နေတဲ့ စစ်တောင်း ကန်ပိန်းရဲ့ အစွမ်းတွေ ပါဝင်ကြောင်းလည်း တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ရွာသစ်မှာ စကစ တပ်စွဲတာပြီးခဲ့တဲ့ ၂၀၂၄ နှစ် အစောပိုင်းကတည်းက ဖြစ်တယ်”လို့ ရေတာရှည်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ကြားပိတ်မိနေတဲ့ ကျေးရွာနေပြည်သူတွေကို တိုက်ပွဲလွတ်ရာ နေရာကို ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန် စစ်ကောင်စီတပ်က စစ်ကူအင် အားတွေဖြည့်ပြီး ပြန်လည်တိုးဝင် လာတာကြောင့် တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒါကြောင့် စစ်တောင်းမြစ်ကမ်း ဝန်းကျင်ရှိကျေးရွာ ပြည်သူတွေအနေနဲ့ စစ်ရေးသတိဖြင့် နေထိုင်သွားလာကြဖို့ နေပြည်တော်တိုင်းစစ်ဌာနက တိုက်တွန်းပါတယ်။

စစ်တောင်းကမ်ပိန်း မပြီးဆုံးသေးပေမယ့် ရရှိထားတဲ့ ငွေနဲ့ လက်နက် ၁၁လက် ဝယ်ယူထားပြီး တပ်ရင်း(၈၀၈) ရဲဘော်တွေကို တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ သတ်မှတ်ရံပုံငွေ ပြည့်မီဖို့ ၂၀ ရာခိုင်နှုန်းလောက် လိုအပ်နေသေးလို့ ပြည်သူတွေ ပါဝင်ပေးကြဖို့လည်း တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ရှိသူက နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော် ငါးဦး ကျဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတွေရရှိတယ်လို့ နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဒီကနေ့ (ဇန်နဝါရီ၁ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်းတချို့ စစ်တောင်းမြစ်အတွင်း မျောနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။