Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ တိုက်ပွဲဝင်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ရဲဘော်တွေ။ ဓာတ်ပုံ - KRF

ဖေဖော်ဝါရီ-၁၁၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်ဟာ တပ်ရင်းသုံးခုလောက်သုံးပြီး ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ အထက်ပိုင်းက ကျေးရွာတွေကို အခု ဖေဖော်ဝါရီ ၈ရက်ကစတင် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“ခရွဲ၊မုက္ခမော့ကို ထိုးနေတာ၊နယ်မြေစိုးမိုးရေးပဲ။လေ​လောဆယ် ကိုယ့်ဘက်က သုံးယောက်ကျတယ်”လို့ ကျိုက်ထိုအခြေစိုက်ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းထိုးတာအပြင် သိမ်ဇရပ်မြို့အခြေစိုက်စစ်တပ်ရဲ့ ခမရ(၂၀၇)တပ်ရင်းနဲ့ အမြောက်တပ်(၃၁၀) တပ်တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက သိမ်ဇရပ်မြို့နဲ့အနီးကို ဘီးလင်းမြို့အခြေစိုက် တပ်မ(၄၄)လက် အောက်ခံ ခမရ (၃)တပ်ရင်းက စစ်ကြောင်းထိုးအင်အားဖြည့်ခဲ့တာရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေ ဖြစ်တဲ့ ကျိုက်ထိုမြို့မှာ တပ်မ(၄၄)အခြေစိုက်ပြီး ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ မော်လမြိုင်မြို့နယ်တွေမှာ လက်အောက်ခံ တပ်ရင်းတွေ ရှိပါတယ်။

အခု ကျိုက်ထိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးနေတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်းတွေဟာ စစ်ရေးအရ အရေးပါတဲ့ ဒေသတွေဖြစ်ပြီး နယ်​မြေအသားစီးရဖို့ ပြီးခဲ့နှစ်တွေကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

စစ်တောင်းမြစ်ဝှမ်းထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပြီး စစ်တပ်အထိုင်စခန်းတွေကို သိမ်းပိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။