Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ စစ်ကောင်စီဗုံးကြဲ၊ လေကြောင်းသတိပေးချက်ရလို့ ထိခိုက်မှုမရှိ

ချင်းပြည်နယ်ကမင်းတပ်မြို့ကိုစစ်ကောင်စီကဒီနေ့အောက်တိုဘာ၂၆ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

မင်းတပ်မြို့နယ်က ကျေးရွာ နှစ်ရွာမှစာသင်ကျောင်းကို အောက်တိုဘာ ၈ ရက်ညက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် စာသင်ခန်းပျက်စီးမှုမြင်ကွင်း။ ဓာတ်ပုံ - CDF Mindat

အောက်တိုဘာ-၂၆၊၊၂၀၂၅။အိမ်သွင်/People’s Spring

ချင်းပြည်နယ်ကမင်းတပ်မြို့ကိုစစ်ကောင်စီကဒီနေ့အောက်တိုဘာ၂၆ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

နေ့လယ် ၂နာရီ၁၈မိနစ်မှာ ဗုံးကြဲတာဖြစ်ပြီး လေကြောင်းသတိပေးချက်ကြိုရလို့ ဗုံးခိုကျင်းထဲမှာ ပုန်းနေခဲ့ရတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်မှုသတင်းမကြားရသေးကြောင်း ချင်းကာကွယ်ရေးတပ်(မင်းတပ်)နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက မနေ့ညပိုင်းကလည်း မင်းတပ်မြို့နဲ့ဆက်စပ်နေတဲ့ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးသုံးလုံးကြဲခဲ့ပါတယ်။

အောက်တိုဘာ ၂၄ရက်မနက်ပိုင်းက ကန်ပက်လက်မြို့မှာကျင်းပနေတဲ့ CDF ကန်ပက်လက်စစ်ဦစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာလည်း လေးဦးသေဆုံးခဲ့ပါတယ်။

ဒီနေ့လေကြောင်းကနေ ဗုံးကြဲတဲ့မင်းတပ်မြို့ကို အောက်တိုဘာ ၈ရက်ကလည်း ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ မသန်စွမ်းသူတစ်ဦးနဲ့ ကျောင်းသားသုံးဦး သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီက အောက်တိုဘာအတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဟားခါး နဲ့ တွန်းဇံမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းရန်ကိုသတိပြုကြဖို့၊ လူစုလူဝေးတွေမလုပ်ကြဖို့ ချင်းကာကွယ်ရေးတပ်တွေကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။