Connect with us

Hi, what are you looking for?

News

မတူပီ CDFထပ်မံတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ ​လေးဦးဒဏ်ရာရဟု ထုတ်ပြန်

မတူပီ – ဟားခါးလမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာအကြား အသစ်ဆောက်ထားသည့် ခရိုင်ထွေအုပ်ရုံးအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား နိုဝင်ဘာ ၂၆ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

People's Spring
People's Spring

ချင်းပြည်နယ် မတူပီ-ဟားခါးလမ်းတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအား ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ ​လေးဦးဒဏ်ရာရရှိကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

မတူပီ – ဟားခါးလမ်းမပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာအကြား အသစ်ဆောက်ထားသည့် ခရိုင်ထွေအုပ်ရုံးအတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား နိုဝင်ဘာ ၂၆ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် CDF တပ်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ဖနိုင်နှင့် ငလိုင်ရွာကို အာဏာ သိမ်းစစ်ကောင်စီတပ်က ပြီးခဲ့သည့်စက်တင်ဘာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့၍ ငလိုင်ရွာမှ အိုးအိမ်များ ပျက်စီးမှု ဖြစ်ခဲ့ပြီး ယနေ့အချိန်ထိ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၅ရက်ကလည်း မတူပီ- ပလက်၀ လမ်းရှိ စစ်ကောင်ဏီတပ်၏ ကင်းစခန်းကို မတူပီ CDFနှင့် ချင်းအမျိုးသားတပ်မတော်(CNA)တို့ပူးပေါင်းတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook