Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားမှာကုန်ကားသမားတွေကိုပစ်မှတ်ထားပြီးစစ်သားစုဆောင်း

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွ​ယ်ထားတဲ့ စစ်ကိုင်းတံတားမှာ လကုန်ရက်ပိုင်းအတွင်းကုန်ကားသမားတွေကိုပစ်မှတ်ထားပြီး စစ်သား စုဆောင်းတာကြောင့်ကုန်ကားအချို့ ပြေးဆွဲတာကိုရပ်နားထားရတယ်လို့ ယာဉ်မောင်းတွေထံကသိရပါတယ်။

စစ်သင်တန်းတက်ရောက်ဖို့ ခေါ်ဆောင်ခံရတဲ့သူတွေကိုတွေ့ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီ

အောက်တိုဘာ ၃၀၊၂၀၂၅၊မေ/ People ‘s Spring

မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွ​ယ်ထားတဲ့ စစ်ကိုင်းတံတားမှာ လကုန်ရက်ပိုင်းအတွင်းကုန်ကားသမားတွေကိုပစ်မှတ်ထားပြီး စစ်သား စုဆောင်းတာကြောင့်ကုန်ကားအချို့ ပြေးဆွဲတာကိုရပ်နားထားရတယ်လို့ ယာဉ်မောင်းတွေထံကသိရပါတယ်။

လတစ်လရဲ့ လကုန်ရက်တွေမှာ စစ်ကိုင်းတံတားမှာ ဖြတ်သန်းသွားလာတဲ့ ကုန်ကားက ယာဉ်အကူ အမျိုးသားတွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲပြီး စစ်တပ်ထဲ ထည့်တာလို့ သိရပါတယ်။

“လကုန်ခါနီးတစ်ပတ် ကျော် လောက်ဆို ခင်‌‌ဗျားတို့ ဘယ်တော့ မှစစ်ကိုင်းတံတား ဝန်းကျင်ကို မသွားနဲ့ ၊လူပြည့်အောင်အကုန်ဆွဲတယ်”လို ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို စစ်သားစုဆောင်းတာကို လတစ်လရဲ့နောက်ဆုံးရက်သတ္တပတ်ကနေ လဆန်း ပထမ ရက်သတ္တပတ်အတွင်း လုပ်ဆောင်လေ့ရှိတာလို့သိရပါတယ်။

အိမ်စီးကားနဲ့ ခရီးသွား နေသူတွေကို တော့ စစ်တပ် နဲ့ ပတ်သက်ဆက်နွယ်သူတွေဖြစ်မှာ စိုးရိမ်တာကြောင့် ကုန်ကားသမား တွေကိုပဲ ပစ်မှတ်ထားတာလို့ ယာဉ်မောင်းတွေက ယူဆနေကြပါတယ်။

“စပယ်ယာလည်း မရဘူအကုန်ဆွဲချတယ်၊သူတို့က ကုန်ကားလိုက်ပါဖမ်းရင် အဲဒီကားသမား ရော၊စပယ်ယာ ရော အကုန် စစ်ထဲလိုက်ပဲ။ဘယ်ပုဒ်မနဲ့မှ အရေးမယူဘူး၊စစ်ထဲပဲထည့်တာ”လို့ ကုန်ကား မောင်းသူတဦးက ပြောပါတယ်။

မန္တလေးမြို့မှာ လာမယ့်စစ်မှုထမ်း အပတ်စဉ်အတွက် လူသစ်စုဆောင်းတာတွေကို စတင်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ကြေညာထားတာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ အပတ်စဉ် (၁၇) ကို စတင်ထားပါတယ်။

အပတ်စဉ် (၁၅) အထိ သင်တန်းဆင်းထားပြီးဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၇၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်လာသူတွေ လည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။