Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့လူနေအိမ်များ ယနေ့ညတွင် ထပ်မံမီးရှို့ခံရ

ထန်တလန်မြို့တွင် စစ်ကောင်စီလက်ချက်ကြောင့် စက်တင်ဘာ ၁၈ရက်မှစ၍တင်မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့နောက် အောက်တိုဘာလ၌ ဒုတိယ အကြိမ်မီးလောင်ရာ ဘုရားကျောင်း နှင့် နေအိမ် ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့သည်။

ချင်းပြည်နယ် ထန်တလန်မြို့ရှိ လူနေအိမ်များ ထပ်မံ မီးရှို့ခံရကြောင်း ချင်းသတင်းဌာန The Chin Journalက သတင်းဖော်ပြသည်။

ထန်တလန်မြို့ လုံတီာလ်ရပ်ကွက်၌ မီးလောင်နေခြင်းဖြစ်ပြီး လတ်တလောတွင် မီးလောင်နေသည့် အိမ်အရေအတွက်အတည်ပြု၍ မရသေးဟု ဆိုသည်။

ထန်တလန်မြို့တွင် စစ်ကောင်စီလက်ချက်ကြောင့် စက်တင်ဘာ ၁၈ရက်မှစ၍တင်မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့နောက် အောက်တိုဘာလ၌ ဒုတိယ အကြိမ်မီးလောင်ရာ ဘုရားကျောင်း နှင့် နေအိမ် ၁၆၀ကျော် မီးလောင်ကျွမ်းခဲ့သည်။

ထိုသို့ နေအိမ်အများအပြား မီးလောင်ပြီးနောက် အောက်တိုဘာအတွင်းနှင့် ယခု နိုဝင်ဘာလအတွင်း၌ မီးလောင်ကျွမ်းမှုများ ထပ်မံဖြစ်ပွားခဲ့ရာ ယနေ့ည အပါအဝင် ထန်တလန်မြို့၌ ၅ကြိမ်မီးလောင်ကျွမ်းခဲ့သည်။ ယခင်လေးကြိမ် ထန်တလန်မြို့ မီးလောင်ရခြင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တမင်မီးရှို့ခြင်းတို့ကြောင့် ဖြစ်သည်ဟု ချင်းလက်နက် ကိုင်တပ်ဖွဲ့နှင့် ချင်းဒေသခံတို့က ပြောသည်။ ယခု တစ်ကြိမ်မပါဝင်ဘဲ ယခင်က နေအိမ် ၂၅၀ကျော် နှင့် ဘုရားကျောင်း ၃ခု မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။