Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ‌တွေ နိုင်ငံရေးမပါဝင်ဖို့တိုက်တွန်းတဲ့ J Fireကို Boycott ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေတောင်းဆို

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

နိုဝင်ဘာ-၂၊၂၀၂၅။တေဇ/People’s Spring

ပြည်သူတွေကို ခေတ်ပျက်ကာလ နိုင်ငံရေး အရှုပ်အထွေးတွေကြားပါဝင်ပြီး ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်ဖို့တိုက်တွန်းခဲ့တဲ့ မန္တလေးသား အဆိုတော် J Fireကို တော်လှန်ရေးအင်အားစုတွေက Boycott ပြုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

“ဒီခေတ်ဒီခါလို ဒီလိုပျက်တဲ့ကာလမှာ ဒီလောက် ရှုပ်ထွေးနေတဲ့ နိုင်ငံရေးမှာ ကိုယ်ကအနုပညာသမားတစ်ယောက်အနေနဲ့ ကိုယ့်မိဘ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေကို ဘယ်လို ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကို ဉာဏ်နဲ့စဉ်းစားတတ်ပါတယ်။ မိမိကို မထိခိုက်အောင်နေပါ၊ အဲဒါမှပဲ မိမိမိဘကို မထိခိုက်အောင် လုပ်ကျွေးနေနိုင်ပါလိမ့်မယ်။ မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျွေးနိုင်ပါလိမ့်မယ်။နောက်ဆုံးမှ မိမိနိုင်ငံကို ပြောင်းလဲနိုင်ပါလိမ့်မယ် “လို့ J Fire က ဖျော်ဖြေပွဲတစ်ခုမှ ‌ပြောခဲ့တာပါ။

J Fireရဲ့ ပြောဆိုမှုက ပြည်သူတွေကို တော်လှန်ရေးမှာ မပါဝင်ဖို့ တွန်းအားပေးတဲ့ သဘောဖြစ်တာကြောင့် စစ်ကောင်စီအလိုကျ ပြောပေးတာဖြစ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ပတ်သက်သူတွေကို Boycott ထိထိရောက်‌ရောက်ပြုလုပ်ဖို့ ဦးဆောင်တောင်းဆိုနေတဲ့ Fake News Check Community (Fncc) Burma က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအနေနဲ့ ဒီလိုကောင်တွေကို အပြစ်ပေးဖို့ဆိုရင် အရှိုက်တည့်တည့်ထိုးချပစ်လို့ရတာက Boycott ပဲ။ ဒီကောင်တွေက Boycott သိပ်ကြောက်တယ်၊ ပြည်သူတွေ သူတို့ကို ကျောခိုင်းသွားမှာ ရူးမတတ်ကြောက်တယ်၊ ဒီကောင်တွေက အောင်မြင်မှုကို ဘိန်းစွဲသလိုစွဲလန်းနေတာ၊ အဲဒါကြောင့်ပဲ ခုလို တဖက်လှည့်နဲ့ Boycott မလုပ်ကြဖို့ စည်းရုံးရင်း တလရထဲပါရင် ကိုယ်ရော မိဘပါ ဒုက္ခရောက်မယ်ဆိုတဲ့အတွေးမျိုး လူထုဆီ အဆိပ်ခပ်တာဖြစ်တယ်။

အဲတော့ Boycott ကို လူညီညီနဲ့ ဆက်ဝုန်းမယ်နော်။” လို့ Fnccက တိုက်တွန်းထားပါတယ်။

J Fire က နိုဝင်ဘာ ၂ ရက်ကနေ ၄ရက်အထိ ပုသိမ်မြို့မှာ ပြုလုပ်မယ့် တန်‌ဆောင်တိုင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေမှာဖြစ်တာကြောင့် သွားရောက်အားပေးတာမပြုလုပ်ဖို့ Fnccက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တွေကို ဝေဖန်မှုမြင့်တက်နေချိန်မှာ J Fire ဒီလိုပြောခဲ့တာက တိုက်ဆိုင်မှု မဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးကလည်း မှတ်ချက်ပေးထားပါတယ်။

လက်ရှိကာလက နိုင်ငံရေးအရအရှုပ်အထွေး ဖြစ်နေတာမဟုတ်ပဲ စစ်ကောင်စီက အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်နေတာကို မြင်အောင်ကြည့်ဖို့ J Fire ကို ရဲဘော်ချေ ဖေ့စ်ဘွတ်ခ်အကောင့်က အကြံပေးထားပါတယ်။

“မင်းပထွေးစစ်တပ်ကလေ မင်းဟာမင်း မထိခိုက်အောင် ဘယ်လိုနေနေ စာသင်ကျောင်းတွေ ဆေးရုံတွေ ရွာတွေကို လေကြောင်းကနေ အကြမ်းဖက်နေတာမတွေ့ဘူးလား။ မင်းဟာမင်း မိမိကိုယ်မထိခိုက်အောင်နေရုံနဲ့ နောက်ဆုံးမှာ နိုင်ငံကိုပြောင်းလဲနိုင်မယ်‌ဆိုရင် မင်းပထွေးစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေက သူ့ဟာသူ ကြိုးစင်ပေါ် တက်သွားမှားမို့လားလေ။ စောက်ကြီးစောက်ကျယ်နဲ့ စင်ပေါ်တတ်ပြီး ‌စောက်တလွဲတွေပြောနေသေး ” လို့ ရဲဘော်ချေ က J Fire ရဲ့ပြောဆိုမှုအပေါ် ရေးသားထားပါတယ်။

“ကိုယ်တစ်ကိုယ်စာ အဆင်ပြေမှ ကိုယ့်မိဘအဆင်ပြေမယ်၊ ပြီးမှတိုင်းပြည်အဆင်ပြေမယ်ပေါ့။ ဘယ်သူသေသေ ငတေမာရင်ပြီးရောလို့ ပြောလည်း ရပါတယ်ဟ။ game ဆော့နေတဲ့လူငယ်တွေကို ဆရာလုပ်ပြီး မြေပုံကြည့် ဘာညာလုပ်ခိုင်းတဲ့ကောင်များ ဟုတ်ပါလေစ။ အေးလေ သူနဲ့လည်ပင်းဖက်ပေါင်းတဲ့ gfatt တောင် တရုတ်ကိုဖောင်းထုပြီး အန်ပေါင်းတောင်းသေးတာပဲ။ ဒီလောက်ဉာဏ်ရှိတဲ့ကောင်တွေ စစ်မှုထမ်းကြပါလား။ ဆောရီး ဇမရှိတဲ့သွေးကြောင်ကောင်တွေဆိုတာ မေ့သွားလို့။” လို့ Revolution Fan War-RFW က J Fire ရဲ့ ဗီဒီယိုအပေါ် ရေးသားထားပါတယ်။

တော်လှန်ရေးအလုပ်က လူတိုင်းပြုလုပ်ဖို့ မလွယ်ကူကြောင်း နှင့် အာချောင်တဲ့သူတွေ ကိုလည်း မှတ်သားပြီး ထိုက်တန်သည့်ရလာဒ်ကို ခံစားခိုင်းသင့်တယ်လို့ RFWက အကြံပြုထားပါတယ်။

“ဒီလိုကောင်စားတွေမြင်ရတိုင်း အသက်တွေ၊ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ထားတဲ့ ရဲဘော်တွေကို ပိုပြီး ချစ်ခင်လေးစားရတယ်။ ရာထူးတွေ၊ဘဝတွေရင်းခဲ့တဲ့ CDM တွေကို ပိုပြီးတန်ဖိုးထားရတယ်။ မျှော်လင့်ချက်တွေ၊အိပ်မက်တွေ၊အောင်မြင်မှုတွေ၊ မိသားစုထမင်းဝိုင်းတွေ၊ သွေးသားသံယောဇဥ်တွေကို နွေဦးအတွက် ပေးလှူခဲ့ကြတဲ့လရဘက်ကလူတွေတိုင်းကို ပြောမပြတတ်အောင် ဂုဏ်ယူရပါတယ်။” လို့ RFW ကရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စင်္ကာပူနိုင်ငံမှာ ပြုလုပ်မယ့် အဆိုတော် ဆုန်သင်းပါရ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှု အောင်မြင်နေပါတယ်။

သတင်း

မိုးမိတ်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့စစ်တပ်က ၎င်းတို့မထောက်ခံတဲ့ ဒေသခံတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ဖိနှပ်မှုတွေကြောင့် တိမ်းရှောင်လာသူအများအပြားရှိတဲ့ ထိုင်းနိုင်ငံကို ပြည်တွင်းက အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေ နယ်ချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေက သပိတ်မှောက်ကြဖို့ တိုက်တွန်းနေကြပါတယ်။