Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေကို စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနားတရားရုံးလက်ခံ

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ စစ်တပ်ခေါင်း ဆောင်ပိုင်းကို အမှုဖွင့်အရေးယူဖို့ ကြိုးပမ်းနေရပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေဆဲ လူမျိုးတုံးသတ်ဖြတ်မှု(ဂျီနိုဆိုက်)အတွက် မင်းအောင်လှိုင်နဲ့ စစ်တပ်အရာရှိကြီးတွေအပါအဝင် မြန်မာစစ်တပ်အား အမှုဖွင့်တာကို အာဂျင်တီးနားတရားရုံးက လက်ခံလိုက်ပြီလို့ ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့အစည်း (BROUK)က ဒီနေ့(နိုဝင်ဘာ ၂၈ ရက်)ထုတ်ဖော်ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ နိုဝင်ဘာကတည်းက အမှုဖွင့်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင် ခွင့်အရ အကြမ်းဖက်စစ်တပ်ခေါင်းဆောင်အပေါ် စွဲဆိုထားတဲ့အမှုကို မြို့တော် Buenos Aires ရှိ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးက နိုဝင်ဘာ ၂၆ ရက်မှာ လက်ခံခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ဟာ ကျွန်တော်တို့ ရိုဟင်ဂျာတွေအတွက်သာမက နေရာအနှံ့အပြားက အဖိအနှိပ်ခံပြည်သူတွေအတွက် မျှော်လင့်ခြင်းနေ့ရက်ပါပဲ။ အာဂျင်တီးနား(တရားရုံး)က ဆုံးဖြတ်ချက်ဟာ ဂျီနိုဆိုက်ကျူးလွန်တဲ့သူတွေအတွက် ပုန်းကွယ်ဖို့ နေရာမရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဒီရွံရှာဖွယ်ရာဇဝတ်မှုတွေကို ဆန့်ကျင်ဖို့ ညီညွတ်ခိုင်မာရပါမယ်” လို့ BROUK ဥက္ကဌ ဦးထွန်းခင်က ပြောပါတယ်။

၂၀၁၇ က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ ဂမ်ဘီယာက စွဲဆိုထားတဲ့အမှုကို မြန်မာနိုင်ငံက ရင်ဆိုင် နေရဆဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့အမှုကို အာဂျင်တီးနား တရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေ အထူးသဖြင့် မင်းအောင်လှိုင်နဲ့ စစ်တပ်ခေါင်း ဆောင်ပိုင်းကို အမှုဖွင့်အရေးယူဖို့ ကြိုးပမ်းနေရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

ဆောင်းပါး

-သော်မွန်/People’s Spring ပြည်တွင်းနဲ့ နိုင်ငံတကာမှာ မရနိုင်သေးတဲ့ နိုင်ငံတော်သမ္မတတစ်ဦးလို အသိအမှတ်ပြုခံရမှုနဲ့ ကြိုဆိုဂုဏ်ပြုမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်း​အောင်လှိုင်က အိမ်နီးချင်း တရုတ်နိုင်ငံဆီကဇွန်၁၆ ရက်မှာရရှိခဲ့ပါတယ်။တရုတ်ထောက်ခံမှု နဲ့ စစ်အုပ်စုစိတ်တိုင်းကျလုပ်ခဲ့တဲ့​ရွေး​ကောက်ပွဲ ၊စစ်တပ်လွှတ်တော်ကနေ သမ္မတကိုယ်ဘာသာကိုယ်ခန့်တဲ့ မင်းအောင်လှိုင်ကို တရုတ်အစိုးရကတရားဝင်အသိအမှတ်ပြုပေးခဲ့တာလို့ တရုတ်အရေးလေ့လာသူတချို့နဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ သမ္မတအမည်ခံထားတဲ့ မင်းအောင်လှိုင်ရဲ့ပွဲဦးထွက်...

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။