Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ ( ၇) ပူးပေါင်းတပ်တို့အကြား အခုလ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရပုံ ( ပုံဟောင်း)

နိုဝင်ဘာ – ၆၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြောက်ပိုင်းမှာ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU တပ်မဟာ ( ၇) ပူးပေါင်းတပ်တို့အကြား အခုလ နိုဝင်ဘာ ၅ ရက်အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ ကရင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကော့ကရိတ်မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေနဲ့ ကော့ကရိတ်-မြ၀တီ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလအစောပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာနေတဲ့အတွက် ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၇)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)ပူးပေါင်းတပ်တို့နဲ့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

မြ၀တီ-ကော့ကရိတ် ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး KNLA ၊ KNDO ပူးပေါင်းတပ်တို့နဲ့ ထီဖိုးစံ၊ မိဖာလယ်ကျေးရွာတစ်ဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

“စစ်တပ်က စစ်ကြောင်း သုံး ကြောင်းနဲ့ တက်လာတယ်၊ မိဖာလဲနယ်ထဲမှာပေ့ါ၊ KNLA KNDO ပူးပေါင်းတပ်နဲ့ ဆုံတော့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ အထိအခိုက်တော့ အတိကျမသိရသေးဘူး” လို့ ကရင်သတင်းရင်းမြစ်တစ်ဦးက အသိပေးပါတယ်။

တပ်မဟာ ၇ နဲ့ နီးစပ်တဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “အောက်ဘိုတဲ ၊အလယ်ဘိုတဲ အဲ့ဒီဘက်ကိုပဲ သူတို့(စစ်တပ်)ဦးတည်နေတယ်လေ၊ ထီဖိုးစံဘက်မှာ မနေ့က ပစ်သေးတယ်၊ ဒီနေ့လည်း အသံကြားသေးတယ်၊ မြပတိုင်လမ်းကနေတက်လာတာ” လို့ ပြောပါတယ်။

ကော့ကရိတ်မြောက်ပိုင်း ထီဖိုးစံ၊ မိဖာလဲကျေးရွာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေအတွင်း နေအိမ်နဲ့ သာသနိကအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ကျေးရွာ ခြောက် ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမအပတ်က ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-နဘူးလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အဲဒီလမ်းပိုင်းတစ်လျှောက်က ကျေးရွာတွေဆီ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ရာ ဒီလ နိုဝင်ဘာလ ပထမအပတ်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။