Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဟန်ပြနှိမ်နင်းတဲ့ ကျားဖြန့်လုပ်ငန်းကစွန့်ခွာလာတဲ့ နိုင်ငံခြားသားတွေကို ရွှေ့ပြောင်းတာ၊ လက်ခံတာမလုပ်ဖို့ KNU ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

KK PARK ကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေ သောင်ရင်းမြစ်ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဝင်ရောက်ရန်ကြိုးပမ်းနေစဉ်။ ဓာတ်ပုံ - THAI NEWS

နိုဝင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျုံဒိုးမြို့နယ်က ဒေသန္တရစည်းမျဉ်းစည်းကမ်း အရေးပေါ်ကြေငြာချက်တရပ် ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ ထုတ်ပြန်ခဲ့ရာ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းတွေကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာ၊ လက်ခံခေါ်ယူထားတာ မပြုလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ကိုယ်တိုင်ပါဝင်လုပ်ဆောင်လျက်ရှိတဲ့ နယ်စပ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို ဟန်ပြ နှိမ်နှင်းရေး လုပ်ငန်းလုပ်ဆောင်နေတာရှိသလို အဲဒီလုပ်ငန်းတွေက စွန့်ခွာလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ပုံစံအမျိုးမျိုး နေရာရွေ့ပြောင်းပေးနေမှုတွေ ရှိနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် KNU – ကျုံဒိုးမြို့နယ်က အခုလို ဒေသန္တရစည်းမျည်းစည်းကမ်းတွေကို ထုတ်ပြန်လိုက်တာဖြစ်ပြီး မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ ညဘက် (ည ၈နာရီကနေ နံနက် ၆ နာရီအတွင်း ခရီးသွားလာတာ မလုပ်ဖို့ကိုလည်း တားမြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

KNU – ကျုံဒိုးမြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းနဲ့ နယ်မြေ မတည်ငြိမ်မှု အခြေအနေတွေကို အခွင့်ကောင်းယူပြီး ဘယ်လောင်းကစားလုပ်ငန်းမဆို ဖွင့်လှစ်ခြင်း မပြုဖို့လည်း KNUက တားမြစ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့ အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူ လူထုတွေ သတိဝီရိယနဲ့ ကာကွယ်နိုင်ရေး နေထိုင်ရာ အိမ်မှာ ဘေးကင်းလုံခြုံရေးကိုရည်ရွယ်ပြီး ဗုံးခိုကျင်းများ မဖြစ်မနေ ထားရှိဖို့ ကြေညာပါတယ်။

ဒေသန္တရ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိရင် KNU ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ အရေးယူခြင်းခံရမယ်လို့လည်းသတိပေးထားပါတယ်။

လက်ရှိကာလဟာ စစ်ရေးတင်းမာမှုများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်လျှက်ရှိနေတဲ့အတွက် KNU – ကျုံဒိုးမြို့နယ်ဟာ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုမျိုးစုံကို ကိုင်တွယ်ဖြေရှင်းနေကြရဟု အသိပေးကာ ပြည်သူလူထုတွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် ကြိုးစားနေကြောင်း ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။