Connect with us

Hi, what are you looking for?

သတင်း

ပေါက်​တောင်ပိုင်းမှာ စစ်တပ်စစ်​ကြောင်းကို​ တော်လှန်​ရေးတပ်​တွေတိုက်ခိုက် ​သေနတ်ငါးလက်နဲ့ခဲယမ်း​တွေသိမ်းဆည်းရရှိ

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းဆီကနေ ​သေနတ် ငါးလက် နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

စစ်တပ် စစ်​ကြောင်းဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ- Joker ပြောက်ကျားတပ်ဖွဲ့

နိုဝင်ဘာ-၁၀၊ ၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းဆီကနေ ​သေနတ် ငါးလက် နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

စစ်တပ်ထုတ် MA စီးရီး သေနတ်လေးလက်နဲ့ ကာဘိုင်တစ်လက်၊၆၀ မမ ဗုံးသီး၊အာပီဂျီ၊အီနာဂါ၊ နင်းမိုင်းတွေ ၊ကျည်ဆံတွေ နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ ကိုသိမ်းဆည်းရရှိ​ကြောင်းနိုဝင်ဘာ ၈ ရက်​နေ့ထုတ်ပြန်တာမှာ​တွေ့ရပါတယ်။

ဒါ့အပြင် Joker ပြောက်ကျားတပ်ဖွဲ့ရဲဘော်တစ်ဦးက”အဆ​င်​ပြေလား ပေါက်ကိုယ်တော်၊ပေါက်ကိုယ်တော် အဆင်ပြေလား။၉၉ မဟုတ်ဘူး။ ၉၉ မဟုတ်ဘူး။၉၉ မဟုတ်ဘူး ကြိုက်တာလွှတ်

Public Service Announcement

Public Service Announcement

လိုက်။အဆင်ပြေလားပေါက်ကိုယ်တော်ရဲ့ သစ်ချိုကုန်းနဲ့ ဝန်ခြုံး(ပေါက်တောင်ပိုင်းရွာတွေ ဖြစ်ပါတယ်)အခြေ အနေ လေးလဲ ဘယ်လိုလဲ မေးပေးပါဦး။သစ်ချောက်အခြေအနေက ပြီးရင် RC ဆောက်ပေးမှာပေါ့”လို့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်လည်း ပါဝင်ပါတယ်။

တိုက်ပွဲ ဖြစ်စဥ် အသေးစိတ်ကိုမူ Joker ပြောက် ကျား တပ်ဖွဲ့ ထံ လူထုနွေဦးက ဆက်သွယ် မေးမြန်းဖို့ကြိုးစား​ပေမယ့်ဆက်သွယ်မရ​သေးပါဘူး။

နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ခဲ့ပြီး ဖြစ်စဥ်ကို ထုတ်ပြန်လို့မရသေးဘူးလို့ ပေါက်တောင်ပိုင်း မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေတဲ့ Roung Revolution Force တာဝန်ရှိသူကလည်း ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ နယ်မြေထိန်းချုပ်ရေးအတွက် ​တော်လှန်​ရေးတပ်ဖွဲ့တွေ စိုးမိုးရာ ပေါက်မြို့နယ်ရဲ့ တောင်ဘက်ခြမ်းကို စစ်ကောင်စီက ဒေသတွင်း ပြည်သူစစ်(ပျူစောထီး)တွေနဲ့ ပေါင်းပြီး အင်အား ၄၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

လက်ရှိ စစ်တပိစစ်ကြောင်းက ပေါက်မြို့ ဘက်ကို ချဥ်းကပ်ပြီး မြို့အနီးတစ်ဝိုက်ကရွာတွေကို မီး ရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။

ဆိပ်ဖြူ​အခြေစိုက် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ ၂၂ )ကနေတပ်မ ၉၉ လက် အောက်ခံ တပ်ရင်းသုံးရင်းက အောက်တိုဘာလ ၂၉ ရက်နေ့က စပြီး ပေါက်တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားတဲ့ စစ်တပ်ကြောင်းကို ​တော်လှန်​ရေးတပ်​တွေကအောက်တိုဘာ ၃၁ ရက်က စတင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦးနဲ့ လက်နက်ခဲယမ်းအချို့ကို ကာကွယ်ရေးတပ်တွေ ရရှိခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကနေပဲ နိုဝင်ဘာ ၁ ရက် ကထွက်ပြေးလာတဲ့စစ်သားနှစ်ဦးကိုပေါက်မြို့နယ် ပကဖ က လက်နက်တွေနဲ့ တကွ ဖမ်းဆီးရရှိထားပါတယ်။

လတ်တလောစစ်ရေးအရ ပေါက်ဆိပ်ဖြူလမ်းပိုင်းကို ရက်အကန့်အသက်မရှိ ပိတ်ထားတယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်အဖြစ်ကြေညာထားတဲ့ ၆၃ မြို့နယ်မှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆော နဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။