Connect with us

Hi, what are you looking for?

သတင်း

ပုံညာတောင်အနောက်ဖက်ခြမ်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ထီးလင်းမြို့နယ်ကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေ သုံးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ (ဓာတ်ပုံ - CINCDS)

နိုဝင်ဘာ-၁၀၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ထီးလင်းမြို့နယ်ကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေ သုံးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁၀ ရက်)နေ့လယ် ၁နာရီခွဲခန့်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ပုံညာတောင်အနောက်ဖက်ခြမ်းဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ထိခိုက်မှုတော့ မသိရသေးဘူး။ပွိုင့်အိတ်၊ ရောကတ်တို့နဲ့ပစ်တာတဲ့။ တိုက်ပွဲကြောင့် မဟုတ်ဘူး။ဒီအတိုင်းလာကြဲတာ”လို့ ထီးလင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုံညာတောင်အနီးတဝိုက်မှာ အကြည်ဘန်း၊အလယ်ဘန်း၊အညာဘန်း၊ စို့ပြား၊ ပြင်ဘစတဲ့ ကျေးရွာတွေရှိပြီး တောင်အနောက်ဘက်ခြမ်းမှာ ကျင်းရွာရှိတယ်လို့ သိရပါတယ်။

“ခဏခဏ တိုက်ခိုက်နေတာ။ ရက်ခြားပဲ။အရင် ရက်က Y12 နဲ့လာကြဲတယ်”လို့ ထီးလင်းအခြေစိုက် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက ထီးလင်းမြို့နယ်အတွင်း နယ်မြေကြိုတင် ရှင်းလင်းတာ ဒါမှမဟုတ် ကျောက်ထုနဲ့ ပေါက်မြို့နယ်မှာရှိနေတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ကို တော်လှန်ရေးအင်အားစုတွေ ချဥ်းကပ်မလာအောင်ဖြစ်နိုင်တယ်လို့ ၎င်းက သုံးသပ်ပါတယ်။

ဒါ့အပြင် အခုနှစ်စက်တင်ဘာကစပြီး စစ် ကောင်စီက ပေါက်မြို့ ကပစ(၂၄)ကို အင်အား ထောင်ချီဖြည့်ပြီး စက်ရုံအနီးတစ်ဝိုက် နယ်မြေရှင်းလင်းတာနဲ့ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးတာ တွေရှိပါတယ်။

ပေါက်မြို့နယ် ရေဖြူနဲ့ ကျောက်တံခါးကျေးရွာ ကနေ စစ်ကြောင်းနှစ်ခုနဲ့ ထီးလင်းဘက်ကို ထိုးစစ်ဆင်နေတာကြောင့် ဒေသတွင်းတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်နေတာ သုံးလ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်က မိတ္ထီလာတပ်နယ်(မုန်တိုင်) မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ရုရှားထုတ် MiG -29 တိုက်လေယာဉ်နှစ်စင်းကိုတွေ့ရပုံ

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။